2

3.5K 187 27
                                    

[Zawgyi]

မမကြည်ပြာသက်ဝေ စိတ်ဆိုးနေသည့်အချိန်တွင် သူမ၏ပါးမို့လေးတစ်စုံက နီမြန်းနေတတ်ပြီး အရှက်သည်းနေသည့် အခိုက်အတန့်များ၌ သူမ၏မျက်တောင်ဖျားကလေးများက သနားချင့်စဖွယ်ကောင်းစွာ တုန်ယင်နေတတ်ကြောင်းကို ထိုနေ့က သိရှိခဲ့ရပါသည်။❞

❀❀❀

“မင်းကောင်းအောင် ရှိလားမသိဘူး”

ကြည်ဝေလာရှာသည့် လူရဲ့နာမည်ကို ကြားပြီးနောက် ကောင်မလေးရဲ့မျက်လုံးလေးများက အံ့သြမှုစွတ်၍
နဂိုထက်ပို၍ ဝိုင်းစက်သွားသည်။

“ဟို.. မကြီးက ဆယ်တန်းAခန်းထဲက
မကြည်ပြာသက်ဝေ...”

မေးတာကို တိုက်ရိုက်ပြန်မဖြေဘဲ
တွန့်ဆုတ်ဆုတ်ဖြစ်နေသည့်
ကောင်မလေးကိုကြည့်ရင်း ကြည်ဝေ
တစ်ခုခုကိုရိပ်မိကာ သဘောပေါက်သွားသလိုရှိသည်။

ကြည်ဝေ ထိုကောင်မလေးအား ရင်းရင်းနှီးနှီး ရယ်ပြလိုက်ရင်း...

“ဟုတ်တယ်။ ဟုတ်တယ်။ မနေ့တုန်းက ညီမလေးတို့သူငယ်ချင်းက စာစီစာကုံးပြိုင်ပွဲအတွက်
အစ်မတို့နဲ့ လာလေ့ကျင့်ရသေးတယ်လေ။ အဲ့ဒါ စာကြည့်တိုက်ထဲမှာ သူ့ထီးကျန်ခဲ့လို့ လာပေးတာ။”

ကောင်မလေး၏ ကလေးဆန်မှုတို့
မပျောက်သေးသည့် မျက်နှာနုနုကလေးထက်တွင် ရှက်ရိပ်ဖျော့ဖျော့လေး ဖြတ်ပြေးသွားသည်။ အရိပ်အကဲခတ်တော်သည့် ကြည်ဝေကလည်း ထိုပြောင်းလဲမှုကို သတိထားမိပါသည်။

အမယ်.. ဘယ်ဆိုးလို့လဲ။
မင်းကောင်းအောင်ဆိုတဲ့ ကောင်လေးက စော်ကြည်ဘဲပေါက်စလေးပဲ။

“သူ့ထီး ညီမလေးကို ပေးခဲ့ပါလား မကြီး။
အခု သူက အခန်းထဲမှာမရှိဘူး။ ဘောလုံးသွားကန်နေတယ်ထင်တယ်။
သူပြန်လာခါကျရင် ညီမလေး ပေးပေးမယ်လေ။”

“သြော့....”

ကြည်ဝေ နည်းနည်းစိတ်ရှုပ်သွားသည်။
ကြားလူကတဆင့် ပြန်ပေးလိုက်ရင်
သင့်တော်ပါ့မလားလို့ ​တွေးမိ၏။

မမကြည်ပြာသက်ဝေ (completed )Où les histoires vivent. Découvrez maintenant