နွေဦးပေါက်ခဲ့ပြီ ဖြစ်လို့ လမ်းဘေးဝဲယာမှာ တောပန်းတွေပွင့်ပြီး ရာသီဥတုက ကောင်းမွန်လာပြီ ဖြစ်တယ်။ နွေးထွေးတဲ့နေရောင်ခြည်နဲ့ ဆောင်းရာသီရဲ့ အရိပ်အငွေ့မကုန်သေးတဲ့ လေအေးအေးတွေက အသက်ရှူသွင်း လိုက်တိုင်း လန်းဆန်းသွားစေတယ်။
အိမ်ရှေ့ကွပ်ပျစ်မှာ ရွာထဲက လူနာတစ်ယောက်ကို ကြည့်ပေးပြီး အခါးရည်သောက်ရင်း ဆက်ထိုင်နေတဲ့ သမားတော် အဖိုးအိုက မြေးဖြစ်သူကို ခုနက လူနာရဲ့ ရောဂါအကြောင်း သင်ပြနေတယ်။ ပြောရင်းနဲ့ သူတို့အိမ်မှာ သောင်တင်နေတဲ့ ဆည်းလည်းလေး အကြောင်း ရောက်သွားကြတယ်။
"ကံ၊ စိတ်၊ ဥတု၊ အာဟာရတဲ့။ ဒီလေးခုညီညွှတ်မှ ဘာမဆို အဆင်ချောသတဲ့။ အားကျန့်က ဥတုနဲ့ အာဟာရက နှိပ်စက်တဲ့ ဒဏ်ကို မှုစရာမလိုတဲ့ ဘဝပေးကံ ကောင်းကောင်းနဲ့ မွေးလာတဲ့ ကလေးဖြစ်ပေမယ့် စိတ်လိုအင်တော့ ပြည့်ခဲ့ရရှာပုံ မပေါ်ဘူး။ ဖိုးတို့ဆီ ရောက်စက သူ့ကျန်းမာရေး အခြေအနေနဲ့ အခုနဲ့က ကွာချင်တိုင်းကွာနေတာ မြေး အမြင်ပဲ မဟုတ်လား။"
"ဖိုးက ကျန့်ကော ဒီကို စရောက်လာတုန်းက ဆေးကုပေးဖို့ ချက်ချင်း လက်မခံခဲ့တာ ဘာဖြစ်လို့လဲ။ မြေးက ကုလို့မရနိုင်တော့လို့ လို့ပဲ ထင်နေခဲ့တာ။ နောက် တကယ် ကုတော့ကျ ဘယ်သမားတော်မဆို ကုတတ်တဲ့ ရိုးရိုးတန်းတန်း ဆေးတွေ ကုထုံးတွေပါပဲ။ သာမန် နှလုံးအားနည်းတဲ့ လူနာလို ပုံမှန်လေးပဲ ကုရုံနဲ့ ကျန့်ကောက ဒီလောက်ထိ နေကောင်းလာတာပဲ။ ဖိုးပြောသလိုဆို ကျန့်ကော ရောဂါက စိတ်နဲ့ဆိုင်လို့လား။"
"မှန်တာပေါ့။ ဒါပေမယ့် ဖိုး ကလည်း သူများစိတ်ထဲထိ မြင်နိုင်တဲ့ နတ်ဆေးသမားတော် မဟုတ်တော့ ချက်ချင်းတော့ မသိခဲ့ဘူး။ မြေး ထင်သလိုပဲ အားရစရာ သိပ်မရှိလို့ ကုဖို့ အတော်ခက်ခဲမယ်လို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့် ဒီကလေးက ဖိုး တို့အိမ်ရောက်လာပြီး သုံးလေးရက်မှာကို သူ့ရဲ့ပင်မသွေးကြောမှာ အပြောင်းအလဲတွေ ရှိလာတယ်။ ပြီးတော့ မျက်နှာအရောင်ကအစ ပြောင်းလဲပြီး ကောင်းလာတော့ ဒီရေမြေနဲ့ အဆင်ပြေတာ တစ်ခုတော့ ရှိရမယ်လို့ တွေးပြီး ဖိုး လက်ခံလိုက်တာပဲ။ အခုမှ သိလိုက်တာက ဒီကောင်စုတ်လေးက ငါ့ဆေးသိုလှောင်ရုံကို မျက်စိကျသွားတာ ဖြစ်နေတော့တယ်။ ဟား ဟား ဟား။"
YOU ARE READING
ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလား
Любовные романыType - Historical Fanfiction OTP - BJYX Genere - Romance Author Note - Apology in advance for insufficient research about geological facts and era related traditions/names. This fiction is all about imaginations. Medical related things are just my l...
