အပိုင်း (၅) လိုအပ်သောဆုဆိုတာ ကြိမ်လုံးတော့ မဟုတ်တန်ရာ

2K 281 40
                                        

“ကျန့်ကော ဖြည်းဖြည်းဆင်း။”

ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်ရဲ့လက်ကို ဝမ်ရိပေါ်က လှမ်းကိုင်လိုက်ပြီး ကူပေးတယ်။ ရှောင်းကျန့်က ပူဆာလို့ တောင်ခါးပန်းမှာရှိတဲ့ တောင်စောင့်နတ်မင်း ပူဇော်ရာ ကျောက်တုံးကြီးဆီ ခေါ်သွားပေးနေတာ။

တောင်အောက်ဆင်းတဲ့ လမ်းကနေ ဘေးကို ဖဲ့ဆင်းပြီး နည်းနည်း မပြေပြစ်တဲ့ ကျောက်လှေကားထစ်တွေကနေ ဆင်းရတာမို့ သတိထားရတယ်။ ကျောက်တုံးကြီးနားကို ရောက်တော့ ရှောင်းကျန့်က သူခုနက ခူးလာတဲ့ တောပန်းတွေကို အမြင့်တစ်နေရာမှာ တင်လို့ တောင်စောင့်နတ်ကို အရိုအသေပြုတယ်။

“ရိပေါ် ဒီမှာ ဆုတောင်းရင် တကယ်ပြည့်တာလား။”

“ပြည့်မယ် ထင်တာပဲ။ ဒါပေမယ့် ဒီတောင်စောင့်နတ်မင်းတွေက ဆုပန်တဲ့သူ လိုအပ်တာကို သူ့အလိုလို သိကြလို့ သူတို့မျက်နှာသာပေးချင်သူဆိုရင် ဘာဆုတောင်းလဲဆိုတာက အရေးမကြီးဘူးတဲ့။ သူတို့ချီးမြှောက်ချင်တာ ချီးမြှောက်ကြတာတဲ့။ လူကြီးတွေက ပြောကြတယ်။”

ရှောင်းကျန့်က သူကြားရတဲ့ အထူးအဆန်း တောင်စောင့်နတ်အကြောင်းကို သူသိပ်နားမလည်ဘူး။

“ဘယ်လိုကြီးလဲ။ အဲ့ဒါက ဆုတောင်းပြည့်တာ ဘယ်ဟုတ်တော့မလဲ။”

“အဲ့လိုတော့လည်း မဟုတ်ဘူး။ လူတွေက သူတို့အတွက် အသင့်တော်ဆုံး ဆုလာဘ်က ဘာဆိုတာ မသိနိုင်ကြဘူးလေ။ သူတို့အတွက် မလိုအပ်တဲ့ ကောင်းကျိုးမရှိတဲ့ အရာတွေကို တောင့်တတတ်ကြတယ်။ အဲ့ဒီအခါကျ နတ်မင်းကြီးတွေက သူတို့ အမြင်ကြည် ချစ်ခင်တဲ့သူဆိုရင် ဆုတောင်းမှားရင်တောင် တည့်မတ်ပြီး ဖြည့်ဆည်းပေးတာမျိုးလို့ အဘွားက ပြောပြဖူးတယ်။ အစက ငါလည်း အဲ့ဒီဒဏ္ဍာရီတွေကို နားမလည်ပါဘူး။ အဘွားနဲ့အတူတူ ဒီနေရာကို ခဏ ခဏ လာတိုင်း ပြောပြလို့သာ မှတ်မိနေတာ။ အခုတော့ ငါနားလည် သလိုလိုတော့ ရှိနေပါပြီ။”

ရိပေါ်က အဲ့ဒီစကားတွေကို ပြောပြီး ရှောင်းကျန့်ကို ပြုံးကြည့်နေပါတယ်။ ဝမ်ရိပေါ်ရဲ့ အပြုံးက သူ့အတွက် နတ်မင်းကြီးတို့ရဲ့ ကောင်းချီးကို သူလက်ခံရခဲ့ပြီးပြီမို့ ကျေနပ်နှစ်သိမ့်နေတဲ့ အဓိပ္ပာယ်ဆိုတာတော့ သူကိုယ်တိုင်ပဲ သိပေမယ့်ပေါ့။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now