အချပ်ပို ၃ - နွေလယ်ညရဲ့ လရောင်

1.9K 205 51
                                    

လေ့ကျင့်ကွင်းမှာ ဒဏ်ရာရလာတာလို့ အလွယ်ပြောပြီး လိမ်လိုက်ပေမယ့် စိုးရိမ်သွားတဲ့ သမားတော်ပေါက်စလေးရှောင်းက သူ့လူနာ အသစ်စက်စက်လေးကို အခန်းထဲ အတင်းဆွဲခေါ်တော့တာ။ ဖန်မီးအိမ်ကို မီးစာအနိမ့်ဆုံး လျှော့လို့ မှိန်မှိန်လေးထွန်းပြီး ဒဏ်ရာကို ကြည့်ဖို့လုပ်တော့တယ်။

"ချွတ် လို့ ပြောနေတယ်နော် ရိပေါ်။"

"ငါဘာမှ မဖြစ်ပါဘူးဆိုနေ ကျန့်ကောရာ။"

တစ်ခွန်းပြောမရ နှစ်ခွန်းပြောမရ ဖြစ်လာတဲ့အခါ စိတ်မရှည်တော့တဲ့ သမားတော်ရှောင်းက လူနာရဲ့ ဝတ်ရုံကြိုးစကို လက်သွက်သွက်နဲ့ ဆွဲဖြည်ချပြီး ပုခုံးတစ်ဖက်ကနေ ဆွဲချလိုက်ပါတော့တယ်။ အညိုမည်း ဒဏ်ရာတစ်ခုလောက်ပဲ မျှော်လင့်ထားတဲ့ ရှောင်းသခင်လေးဟာ လက်မောင်းနဲ့ ပုခုံးတပြင်လုံးက ခရမ်းပုတ်ရောင်ထနေတဲ့ ဒဏ်ရာတွေကို မြင်လိုက်တဲ့ အခိုက်အတန့်မှာ ကြက်သေသေပြီး အသက်ရှူတွေပါ မှားကုန်ပါတော့တယ်။

"ကျန့်ကော ကျန့်ကော။ သတိထားဦးလေ။ ကြည့်ရဆိုးတာပဲ ရှိတာပါ။ အဲ့လောက်ကြီး မနာပါဘူး။ နောက်တစ်ပတ်လောက်နေရင် ပြန်ကောင်းသွားမှာ။"

ဒါက တော်ရုံ မတော်တဆ ရလာတဲ့ ဒဏ်ရာမျိုးမဟုတ်တာ မသိနိုင်စရာမရှိတဲ့ ရှောင်းကျန့်က ရင်ထဲမှာ ဆို့နင့်လာရတယ်။ နန်းတော်ထဲမှာ သူ့ညီငယ်လေး ရိပေါ်က ဘယ်လို ဒုက္ခတွေခံနေရတာလဲလို့ စဉ်းစားမိရင်း သူကိုယ်တိုင်ကပါ အနားမှာမနေပေးဘဲ ပစ်ထားမိတာကို နောင်တရလာတယ်။ တကယ်ဆို ရိပေါ်က သူ့ဆီမလာနိုင်ရင် သူကသွားတွေ့လို့ မရတာမှ မဟုတ်ပဲ။ နန်းတွင်းစာသင်ဆောင်ဆိုတာ သူတံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ရတဲ့နေရာမို့ ဘာအတားအဆီးမှမှ မရှိဘဲ။

"ဘယ်သူ့လက်ချက်လဲ။ မိဖုရားခေါင်ကြီးလား။ အရှင်လား။"

"ဟင် ဘာကို"

"မင်းခန္ဓာကိုယ်ကို ဒီပုံပေါက်အောင် လုပ်တဲ့လူကို မေးနေတာ။ အရှင် အမျက်ရှအောင် လုပ်မိလို့လား။ မိဖုရားခေါင်ကြီး က စာသင်ဆောင်ကို စွက်ဖက်နေတာလား။ ကောကို ဖြေ ရိပေါ်။"

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now