အပိုင်း (၁၀) အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း။

2.6K 303 62
                                        

သမားတော် အဖိုးအိုနဲ့ ရှောင်းကျန့်တို့ သားအဖက ခြံဝိုင်းထဲမှာ အကြီးအကျယ် ရစ်နေတဲ့ ဝမ်ရိပေါ်နဲ့ အရစ်ခံနေရတဲ့ တစ်မိုးအောက်တစ်ယောက် ဝမ်ဧကရာဇ်ကို ကြည့်ရင်း ပြုံးနေရတယ်။ ရှောင်းကျန့်က သူ့ဆရာဖိုးဖိုးကို ဘယ်ဘက် လက်မောင်းကနေ တွဲထားပြီး အဖိုးအိုရဲ့ ညာဘက်မှာ စစ်သူကြီးက ရပ်နေတာဖြစ်တယ်။

“ဖိုးဖိုး ရိပေါ်က တစ်ယောက်တည်း ဒီကနေ သွားရမှာ ဘယ်သွားချင်ပါ့မလဲ။ မြို့တော်ကိုအတူတူ လိုက်ခဲ့ပါလား။ ဟိုကို ရောက်ရင် သူ့မှာ အကုန် လူအသစ်တွေ နေရာအသစ်တွေ ဖြစ်နေရှာမှာကို ဖိုးဖိုးတစ်ယောက်တော့ ရှိဦးမှပေါ့။ ပြီးတော့ အားကျန့်က ဖိုးဖိုးဆီက သင်ချင်တာတွေ အများကြီးရှိသေးတာ။”

“ဟုတ်သားပဲ သမားတော်ကြီးရယ်။ မြို့တော်ဆီ လိုက်ခဲ့တာ အကောင်းဆုံးပါပဲ။ အားကျန့်က သမားတော်ကြီး ဆီမှာ ဆေးပညာသင်ပြီး ဒီမှာ ခဏဆက်နေပါရစေလို့ ခွင့်တောင်းထားတာ။ မြို့တော်နဲ့ ဝေးလံလှတဲ့နေရာမို့ ကျုပ် အချိန်ဆွဲစဉ်းစားနေခဲ့တာ အခု မင်သားရိပေါ်ရဲ့ အရေးကိစ္စနဲ့ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ မြို့တော်ကို အတူလိုက်ပြီး ကျုပ်အိမ်တော်မှာ နေရင်း သမားတော်ကြီးရဲ့ ပညာအမွေကို တရားဝင်ဆက်ခံသူအဖြစ် အားကျန့်ကို သတ်မှတ်သင်ကြားပေးရင် ကျုပ်အင်မတန် ဝမ်းမြောက်မိမှာပါ။”

သမားတော်အဖိုးအိုဟာ စစ်သူကြီးရဲ့စကားကို အဖြေပြန်မပေးသေးဘဲ သူ့မြေးနဲ့ သူ့သားမက်ကိုသာ ငေးကြည့်ရင်း အဓိပ္ပာယ်ပါပါ ပြုံးနေခဲ့တယ်။ အတန်ကြာမှ စကားတစ်ခွန်း ပြောတယ်။

“ငြင်းဖို့အရေး သံယောဇဉ်က ပြတ်နိုင်ဦးမှကိုး။ ဒီမြေးနဲ့ကို ကျုပ်မခွဲနိုင်ပါဘူး စစ်သူကြီးရယ်။”

ဝမ်ဘုရင် သားအဖ အိမ်ထဲပြန်ဝင်လာတဲ့အချိန်မှာပဲ ရွာထဲက အဘွားအိုက မိန်းမရွယ် သုံးလေးယောက်နဲ့အတူ ထမင်းဟင်းတွေ သယ်လို့ သမားတော်ကြီး အိမ်ကို ရောက်လာကြပါတယ်။ ခါတိုင်း ချက်ပြုတ်ရေး တာဝန်ယူတဲ့ ဝမ်ရိပေါ်က နေကောင်းခါစမို့ အဘွားအိုက ထမင်းပို့ တာဝန်ယူထားတာ ဖြစ်တယ်။ ပြင်ဆင်ခင်းကျင်းပေးပြီး အဘွားအိုတို့ ပြန်သွားကြတဲ့အခါ ထမင်းဝိုင်းမှာ လူစုံတက်စုံစားကြဖို့ ပြင်ရတယ်။ စားပွဲမှာ ထိုင်တာနဲ့ ဟင်းခွက်တွေ အလယ်က ဝက်နံရိုးကြော်ပန်းကန်ထဲ ပြိုင်တူနှိုက်မိလို့ လက်ရှက်သွားရတဲ့ တူနှစ်စုံရှိတယ်။ အဲ့ဒါကတော့ တသက်လုံး ခုမှထမင်းအတူတူ စားဖူးကြတဲ့ သားအဖနှစ်ယောက် ဖြစ်တယ်။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now