"အရှင့်သား ဘာအကြောင်းများ ရှိလို့ ဒီအချိန်ကြီးကျမှ. . . . ."
ညအိပ်ဝတ်ရုံကို အပေါ်ဝတ်တစ်ထည် ထပ်ဝတ်လို့ ကပျာကယာ အိမ်ရှေ့ခြံဝန်းကို ထွက်လာတဲ့ ရှောင်းစစ်သူကြီးဟာ မင်းသားရိပေါ်ကို ခပ်တုံ့တုံ့မေးလာတယ်။ ဝမ်ရိပေါ်က တကယ်တော့ ရှောင်းအိမ်တော်ရဲ့ အိမ်တော်သခင်ကို တွေ့ချင်လို့ လာခဲ့တာမဟုတ်လို့ သခင်လေးကိုသာ ခေါ်ပေးဖို့ တံခါးစောင့်ကို သေချာပြောတာပါပဲ။ ဒါပေမယ့်လည်း ဘုရင့်သားတော်ကိုယ်တိုင် ရောက်နေတာကို သူ့သခင်ကြီးဆီ အကြောင်းမကြားလို့ ဖြစ်ပါ့မလားလို့ တွေးပူတတ်တဲ့ အစေခံက ရှောင်းသခင်ကြီးကိုပါ သွားခေါ်လာခဲ့တာ ဖြစ်တယ်။
အဲ့ဒီတော့ လာရင်းကိစ္စကို အမေးရှိလာတဲ့ ရှောင်းစစ်သူကြီးကို သူ့မှာ ပြန်ဖြေရခက်နေရပြီ။ ခုနက အကြံရတဲ့အတိုင်း ခြံတံတိုင်းကို ကျော်မတက်မိဘဲ မနေ့တနေ့ကမှ သင်ကြားခံထားရတဲ့ ရာဇသွေးရဲ့ ဣန္ဒြေဆိုတာကြီးကို ထိန်းဖို့ ကြိုးစားမိတဲ့ လုပ်ရပ်ကို နောင်တရချင်သွားတယ်။ ဒါပေမယ့်လည်း သူပြန်မဖြေရသေးခင်မှာပဲ နောက်နားကနေ ခြေသံဖွဖွနဲ့ ရောက်လာတဲ့ ရှောင်းကျန့်ကြောင့် မင်းသားရိပေါ်တစ်ယောက် ကျဉ်းထဲကြပ်ထဲက လွတ်မြောက်သွားတယ်။
ညအိပ်ဝတ်ရုံ ထူထူအိအိလေးပေါ်မှာ အပေါ်ဝတ်ရုံကို ဖို့ရို့ဖားယားခြုံထားတဲ့ ရှောင်းသခင်လေးက အိပ်ယာက ထလာတဲ့ မျက်နှာအစ်အစ်လေးနဲ့မို့ ဝမ်ရိပေါ်မျက်လုံးထဲမှာ အလွန်အမင်း နှစ်လိုဖွယ်ရာ ကောင်းနေတယ်။ အရယ်အပြုံးမရှိ ခပ်တည်တည် မျက်နှာပေးမာမာနဲ့ ဆိုပေမယ့်ပေါ့။ ရှောင်းသခင်လေးကလည်း အနည်းငယ် ဖြူဖျော့နေတဲ့ မင်းသားရိပေါ်ရဲ့ မျက်နှာအသွေးအရောင်ကို သတိထားမိပေမယ့် အထွေအထူး ဆက်မတွေးမိ။
သပ်ရပ်ပြီး တန်ဖိုးကြီးတဲ့ မင်းသားဝတ်ရုံအောက်က ခန္ဓာကိုယ်က အနည်းငယ် ပိန်သွယ်သွားတာကိုလည်း မြင်လိုက်တဲ့ အခိုက်အတန့်မှာပဲ ရှောင်းသခင်လေးက သတိထားမိပြန်တယ်။ ဒါပေမဲ့လည်း ရှောင်းသခင်လေးက ရှောင်းသခင်ကြီးနဲ့ မခြားနားတဲ့ စကားနဲ့ မင်းသားရိပေါ်ကို မေးခွန်းထုတ်ပြန်တယ်။ ပြီးတော့ တမင်တကာကြီး လုပ်ယူထားတဲ့ သာမန်ထက်ပိုပြီး ရိုကျိုးထားတဲ့ လေသံနဲ့ဖြစ်တယ်။
YOU ARE READING
ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလား
Любовные романыType - Historical Fanfiction OTP - BJYX Genere - Romance Author Note - Apology in advance for insufficient research about geological facts and era related traditions/names. This fiction is all about imaginations. Medical related things are just my l...
