“ဟီ~~~~~ကျွီ ~~ ဒုန်း”
“သခင်လေး သခင်လေး ဘာဖြစ်သွားသေးလဲ။”
ကျိချွမ်တစ်ယောက် မြေပေါ်ကနေ လူးလဲထလိုက်ပြီး မြင်းလှည်းပေါ်မှာ ရှိနေတဲ့ သူ့သခင်လေးကို ကပျာကယာ မေးရတယ်။ ရုတ်တရက် ထဟီပြီး ပတပ်ရပ်လိုက်တဲ့ မြင်းကြောင့် မြင်းလှည်းက ထောင်သွားပြီး အရှိန်နဲ့ ပြန်ကျတာကြောင့် ကျိချွမ်က မြင်းလှည်းဦးကနေ ပြုတ်ကျသွားရတာ။
မြင်းကြီးက နှာမှုတ်သံ တရှူးရှူးနဲ့ သူ့ကျောပေါ်က ထမ်းပိုးကို အလိုမကျဟန်ဖြင့် ရုန်းကာ ဒေါသတွေ ထွက်နေတယ်။ ကံကောင်းစွာပဲ မြင်းလှည်းပေါ်က သူ့သခင်လေး ရှောင်းကျန့်က ထိုင်နေရာကနေ ဟန်ချက်ပျက်ပြီး လဲသွားတာအပြင် ဘာမှ မထိခိုက်သွားဘူး။
“သခင်လေး ခဏအောက်ဆင်းနေပါဦး။ မြင်းက ဗွေဖောက်နေလို့ အန္တရာယ်များပါတယ်။ ကျွန်တော်မျိုးကလည်း မြင်းထိန်းတာ မကျွမ်းကျင်တော့ သူစိတ်ဆိုးအောင် လုပ်မိတာထင်တယ်။”
“မင်း ဒီမြင်းကို သေချာ ကြည့်ပြီးဝယ်ခဲ့တာရော ဟုတ်ရဲ့လား ကျိချွမ်။ ကံကောင်းလို့ နှစ်ယောက်လုံး ချောက်ထဲကျ မသေတယ်။”
ကျိချွမ်က ခေါင်းကို ကုတ်ပြီး မျက်နှာငယ်လေးနဲ့ ရပ်နေတယ်။ ရှောင်းကျန့်လည်း မြင်းလှည်းပေါ်ကနေ ဆင်းလို့ မြေပြင်ကို ခွာနဲ့ပေါက်ပြီး မကျေမနပ် ဆန္ဒပြနေတဲ့ မြင်းကြီးကို ခပ်လှမ်းလှမ်းက အကဲခတ်ကြည့်မိတယ်။
မြင်းက သန်မာထွားကြိုင်းပြီး အတော်လှတဲ့ဘက်တောင် ရောက်တယ်။ ဒါပေမယ့် ထမ်းပိုးနဲ့သိုင်းထားတဲ့ နေရာမှာ အသားတကျ ဖြစ်မနေဘူး။ ပြီးတော့ အမွေးတွေကလည်း နူးညံ့လှပလွန်းတယ်။ မြင်းလှည်းဆွဲဖို့ထက် ခြေကုန်ဖွင့် နှင်ဖို့သာ လက်သပ်မွေး လေ့ကျင့်ပေးထားတဲ့ မြင်းမျိုး ဖြစ်တယ်။ သေချာအကဲခတ်ပြီးတဲ့နောက် ရှောင်းသခင်လေးက စိတ်ရှုပ်ထွေးသွားရတယ်။
“ကျိချွမ် ဒီမြင်းကို ဘယ်ကဝယ်လာတာလဲ။”
“ဒီနားက မြို့အဝင်မှာ လူတစ်ယောက်က သူ့ကို ဆွဲလာပြီး ရောင်းနေတာတွေ့တာ သခင်လေး။ ကြည့်ရုံနဲ့ မြင်းကောင်းမှန်း သိသာတာမို့ ဝယ်လာလိုက်တာ။”
YOU ARE READING
ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလား
Любовные романыType - Historical Fanfiction OTP - BJYX Genere - Romance Author Note - Apology in advance for insufficient research about geological facts and era related traditions/names. This fiction is all about imaginations. Medical related things are just my l...
