တချင့်ပြည်ရဲ့ လက်ရှိစိုးစံနေတဲ့ ရေမြေ့အရှင်ဟာ သူ့ခမည်းတော်မင်းကြီး ရှိစဉ်က အိမ်ရှေ့စံမင်းသား အဖြစ် ခန့်အပ်ခံရတဲ့ နန်းညွန့်နန်းလျာ မင်းသား မဟုတ်ခဲ့ဘူး။ သူ့ရဲ့မယ်တော်ဟာ ဘုရင်မင်းမြတ်က ချစ်မြတ်နိုးတဲ့ တတိယအဆင့် မိဖုရားတစ်ပါးသာ ဖြစ်တယ်။ ဒါကြောင့် သူဟာ အပေါင်းအသင်းမက်တဲ့ မင်းသားငယ်လေးအဖြစ် ရွှေနန်းတော်ပြင်ပမှာ လွတ်လွတ်လပ်လပ် ကျင်လည်ခွင့် ရခဲ့တယ်။
မင်းသားငယ်ရဲ့ မယ်တော်ဟာ သူ့ရဲ့သားဟာ အိမ်ရှေ့စံနဲ့ အသက်မကွာခြားလှဘဲ အဖက်ဖက်က အိမ်ရှေ့စံထက် အားသာချက်တွေ ရှိနေတာကို သုံးသပ်မိတယ်။ ဒါကို အိမ်ရှေ့စံရဲ့ မယ်တော် မိဖုရားခေါင်ကြီးနဲ့ သူ့အသိုင်းအဝိုင်းက သူ့သားကို သတိထားမိပြီး အငြိုးထားမှာ စိုးရိမ်ရှာတယ်။ ဒါ့ကြောင့် ငယ်စဉ်ကတည်းက နန်းပြင်မှာ အိမ်တော်တစ်ဆောင် ချီးမြှင့်ပေးဖို့ သူ့လင်တော်မောင် ဘုရင်မင်းမြတ်ကို ပူဆာပြီး သူ့သားငယ်လေးကို နန်းပြင်မှာသာ ကြီးပြင်းစေခဲ့တယ်။
ပညာသင်ကြားရမယ့် အရွယ်ကို ရောက်တဲ့အခါမှာလည်း အိမ်ရှေ့စံထက် သာလွန်ထက်မြက်တဲ့ ဉာဏ်ရည်ကြောင့် နှိုင်းယှဉ်ကြည့်မြင်ခံရမည့် အန္တရာယ်က ရှိလာပြန်တယ်။ ဒါကြောင့် မိဖုရားဟာ လက်ရှိ ရှောင်းစစ်သူကြီးရဲ့ အဖေ စစ်သေနာပတိချုပ်ကြီးထံ စုံစမ်း အကူအညီတောင်းလို့ တချင့် တောင်ပိုင်းက တောင်ပေါ် ဘုန်းတော်ကြီးကျောင်းဆီကို ပို့ဖို့ ကြံရွယ်ခဲ့တယ်။ ဒါကို ဘုရင်မင်းမြတ်က ခွင့်မပြုခဲ့တာကြောင့် မင်းသားငယ်ဟာ မယ်တော် ခမည်းတော်တို့ရဲ့ စစ်အေးတိုက်ပွဲကြားမှာ အသက်အတော်ကြီးတဲ့အထိ ပညာမသင်ခဲ့ရဘူး။
မင်းမျိုးမင်းနွယ် ရှင်ဘုရင့်သားက ပညာမသင်ရဘူး ဆိုတဲ့အဖြစ်က ကြားလို့ မသင့်တော်တာကြောင့် ဘုရင်မင်းမြတ်က မိဖုရားဆန္ဒအတိုင်း ခွင့်ပြုပေးခဲ့တယ်။ အသက် ၁၀ နှစ် အရွယ်ကတည်းက သင်ရမယ့်ပညာကို အသက် ၁၆ နှစ်မှ စသင်ခွင့်ရခဲ့တဲ့ မင်းသားငယ်ဟာ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းမှာ နောက်ထပ် ၁၀ နှစ်ကြာအောင် ပညာလေ့လာခဲ့ရပြန်တယ်။ ဘုန်းတော်ကြီးကျောင်းရဲ့ စည်းကမ်းအရ ပညာသင်ယူသူ အားလုံးဟာ သူတို့ရဲ့ ဇာတိ မျိုးနွယ်ကို ထုတ်ဖော်ခွင့်မရှိဘဲ တပြေးညီသာ သင်ယူကြရတာ ဖြစ်တယ်။
YOU ARE READING
ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလား
Любовные романыType - Historical Fanfiction OTP - BJYX Genere - Romance Author Note - Apology in advance for insufficient research about geological facts and era related traditions/names. This fiction is all about imaginations. Medical related things are just my l...
