အပိုင်း (၆) ​ကောင်းမွန်တဲ့ အမှတ်တရ

1.9K 269 31
                                        

သည်းသည်းသန်သန် ငိုယိုသွားတဲ့ ရှောင်းကျန့်ကြောင့် စိတ်မကောင်းဖြစ်သွားတဲ့ ဆေးဆရာအဖိုးအိုက ကြိမ်လုံးကို မြေပေါ်ပစ်ချလို့ သက်ပြင်းတစ်ချက်ချပြီး အိမ်ထဲဝင်သွားပါတယ်။ ဒါပေမယ့် အိမ်ထဲမရောက်ခင်ပဲ သူ့မြေးငယ်က သူ့ကို ခုနစ်သံချီအောင် အော်ခေါ်တာ ကြားရပါတော့တယ်။

“ဖိုး !!! လုပ်ပါဦး။ ဖိုးရေ။”

အဖိုးအိုခမျာ စိတ်ဆိုးနေဖို့တောင် အချိန်မရဘဲ စိုးရိမ်တကြီး အိမ်ရှေ့ကို ပြေးလာရပြန်တယ်။ ဝမ်ရိပေါ်က မြေကြီးပေါ်ထိုင်နေရာကနေ ရှောင်းကျန့်ကို ချီပွေ့ပြီး ထပြေးလာနေပါတယ်။

သူ့လက်ထဲမှာ ပွေ့သယ်ခံထားရတဲ့ ရှောင်းကျန့်ကတော့ မျက်ရည်တွေ စီးကျနေဆဲ မျက်ဝန်းအစုံကို မှိတ်လျက်သားနဲ့ သတိလစ်လျက်ရှိတယ်။ လူနာကြည့်တဲ့ အခန်းထဲကို ဝမ်ရိပေါ်က ပြေးဝင်သွားတော့ အဖိုးအိုကလည်း နောက်ကနေ အပြေးအလွှားလိုက်ရတာပေါ့။

ထိတ်ထိတ်ပြာပြာနဲ့ စမ်းသပ်ကြည့်လိုက်တော့ တအားစိုးရိမ်ရတဲ့ လက္ခဏာမျိုး မတွေ့ရလို့ ဆေးဆရာကြီးက အံ့အားသင့်သွားရတယ်။ အမှန်တကယ်ဆို ဒီနေ့လို ခရီးကြမ်းသွားထားပြီး စိတ်ထိခိုက်စရာကလည်း ဖြစ်သွားရတဲ့ အခါမျိုးမှာ ရှောင်းကျန့်ရဲ့ ရောဂါဟာ ကောင်းကောင်းကို ဒုက္ခများသွားနိုင်တာမျိုး ဖြစ်တယ်။

ဒါပေမယ့် အခု သမားတော်ကြီး စမ်းသပ်ကြည့်ရသလောက်က အတော်ကြီးကို မဆိုးဘူးလို့ ပြောရမှာဖြစ်တယ်။ အဖျားသွေးနည်းနည်း ရှိနေပြီး ရုတ်တရက် ထိတ်လန့်သွားရတာကြောင့် အပြည့်အဝ ကျန်းမာမနေတဲ့ ခန္ဓာကိုယ်က ခဏ အသိမဲ့သွားရုံပဲမို့ တကယ်ကို တော်သေးတယ်။

“ငိုယိုမနေနဲ့။ ဘာမှမဖြစ်ဘူး။ လူရောစိတ်ပါ ပင်ပန်းသွားလို့ ဒဏ်မခံနိုင်ဘဲ ခဏ အိပ်ပျော်သွားတာ။ ဘာမှ ကြီးကြီးမားမား ပြဿနာမရှိဘူး။ ငါဆေးစပ်ပေးလိုက်မယ်။ သွားကျိုချေ။”

အနားမှာ ဒူးတုပ်ထိုင်ပြီး နှာခေါင်းတွေ နီရဲနေအောင် ငိုနေတဲ့ ရိပေါ်ကို သမားတော်ကြီးက အမြင်ကတ်နေတဲ့ လေသံနဲ့ ငေါက်တာဖြစ်တယ်။ အဲ့ဒါကို ကြားတဲ့ ဝမ်ရိပေါ်က သူ့အဖိုးကို မျက်ထောင့်နီနဲ့ စိုက်ကြည့်လို့ ပြန်ပြောတယ်။

ကြယ်တွေကြွေရင် မှဲ့ကလေးတစ်ပေါက်အဖြစ် ဝင်စားတတ်သလားWhere stories live. Discover now