Unicode ver;
First day of university
Heyyy ....... တက္ကသိုလ်ရောက်ပီကွ ဆိုပြီး လက်သီးလက်မောင်း တန်းကာအော်ဟစ်နေသော ပတ်ဂျူံဆောင်းကြောင့် စိတ်ပင်ညစ်သွားသည် ခနအကြာလူတွေကွက်ကြည့်ကွက်ကြည့်ကြည့်သွားမှ သူမဟုတ်သည့်အတိုင်းပင် ပြုံးဖြီးဖြီးလေးနဲ့ ရိုက်ချင်စရာတော့တော်တော်ကောင်းသား။
တက္ကသိုလ်ရဲ့ပထမဆုံးရက်ဆိုတဲ့အတိုင်းအရင်ဆုံး အခန်းလိုက်ရှာရသည် တော်တော်တော့မိုက်သား ကျောင်းဝန်းကြီးကအကျယ်ကြီးနဲ့ ဘေးပတ်ပတ်လည်က ကျောင်းဆောင်ကြီးတွေက တကယ့်ကို koreanရဲ့ ထိပ်တန်းကျောင်းဆိုတာ ကြောင့်ဖြစ်မယ် ဟုတွေးနေရင်း မိမိတက်ရမယ့် အနုပညာအတန်းသို့ ရှာရန် ဂျူံဆောင်းနဲ့ အတူထွက်လာခဲ့သည် တော်တော်ကြာသည်အထိ မတွေ့သောကြောင့် "တစ်စုံတစ်ယောက်ကိုအကူညီတောင်းမှဖြစ် တော့မယ်" ဟု ဂျူံဆောင်းဆီက အသံထွက်လာမှ
ဟုတ်သားဘဲ ခနတည်းကမေးကြည့်ရမှာ လို့စိတ်ထဲကတွေးနေရင်း ရုတ်တရက် သူငယ်ချင်းတစ်သိုက်နဲ့ပြုံးရင်း ကျောင်းဝင်းထဲကိုဝင်လာသော ကောင်လေးတစ် ယောက်ကြောင့် ကမ္ဘာကြီးက ခနလေး ရပ်တန့်သွားသည်။တော်ကြာနေ အနားကိုရောက်လာမှ ဘေးကဂျူံဆောင်းက သူတို့အဖွဲ့ထဲက တစ်ယောက်ယောက်ကို တစ်ခုခုမေးနေတော့မှ အသိစိတ်ကပြန်ဝင်လာတော့သည်
ထိုအချိန် ဂျူံဆောင်းဆီက"ဆောင်းဟွန်း လာလာ ငါတို့တက်ရမယ့်အတန်းက သူတို့နဲ့ သိပ်အဝေးဘူးတဲ့ လာသွားရအောင် " ဆိုတော့ကာမှ ကြောင်တောင်တောင်နှင့် ပါသွားတော့သည်
ခနအကြာတော့ အတန်းတစ်ခုအရှေ့သို့ရောက်လာတော့
သူတို့အဖွဲထဲကတစ်ယောက်မှ"အော် ဟော်ဒီကအကိုတို့ ရောက်ပါပြီ အကိုတို့တက်ရမယ့်အခန်းက ဒီဘေးကအခန်းမှာပါ အခုတော့ အခန်းက တံခါးလာမဖွင့်သေးပုံဘဲ ခနလေးစောင့်လိုက်ရင် ခနလာဖွင့်လိမ့်မယ် ကဲ သွားပြီနော်" ဟုပြောတော့မှ ဂျူံဆောင်းက
" ကျေးဇူးတင်ပါတယ်ဗျာ ဒါနဲ့နာမည်လေးများသိလို့ရမလား"
"အာ ဂျောင်ဝန်း လို့ခေါ်ပါတယ် ယန် ဂျောင်ဝန်းပါ ဗျ
"