Unicode ver
SHဒီရက် မနက် ခင်း တက္ကသိုလ်မသွားခင်လေး
စတိုင်းဆိုင်ကို အရင်သွားဖို့ရန် စောစောထလိုက်သည်
မနက်စောစောဖြစ်သောကြောင့် လမ်းပေါ်မှာရှင်းနေသည် ကားတွေလည်းတစ်စီးနှစ်စီးမျှသာ
ဆောင်းဝင်ခါစ မနက်ခင်းမို့လန်းလန်းဆန်းဆန်းနဲ့နေလို့ကောင်းသည်စတိုးဆိုင်ကအစ္စည်တွေဝယ်ပြီးသည်နှင့်ဆောင်းဟွန်းထွက်မည်အလုပ်
ရှေ့ကဝင်လာသော ဂျယ်ယွန်းကြောင့် ထွက်ပြေးရမလား စကားသွားပြောရမလားစဥ်းစားနေတုန်း မုန့်တန်းထဲဝင်သွားသောjake ဆောင်းဟွန်းကိုမတွေ့ပုံဘဲ
ခနအကြာတော့ ပိုက်ဆံရှင်းဖို့လာတဲ့အချိန်ကျဆောင်းဟွန်းနဲ့တည့်တည့်တိုးသည် သို့သော် မသိတဲ့လူတွေလိုမျိုး ကျော်သွားသည်
"အမ် ငါတစ်ယောက်လုံးကိုမတွေဘူးလား"ဆောင်းဟွန်းတွေးနေတုန်း ပြန်ထွက်သွားမယ်လုပ်နေသောjake ေကြာင့် အနောက်ကလိုက်သွားပြီး လက်သွားဆွဲမိတော့ ကြောင်တောင်တောင်နဲ့ကြည့်လာသည် ဘာလဲ ဆိုတဲ့အကြည့်နဲ
"ခုနကငါ့ကိုမြင်ဘူးလား"
"မြင်တယ်လေ"
"မြင်ရင်ဘာလို့မနှုတ်ဆက်လဲ"
"ဘာလို့နှုတ်ဆက်ရမှာလဲ"
"အမ်"
ဆောင်းတွင်း ကြောင်တောင်တောင်ဖြစ်သွားသည် သူဘာဖြစ်နေတာပါလိမ့် ဧကန္တ ဟိုနေ့ကကိစ္စကြောင့်စိတ်ဆိုးသွားတာလား"ဟို ဟိုနေ့ကကိစ္စကြောင့် စိတ်ဆိုးသွားတာလား ဂျယ်ယွန်း"
"ဘယ်နေ့က ကိစ္စလဲ မသိဘူး ပီးတော့ ဂျယ်ယွန်းလို့မခေါ်နဲ့ မရင်းနီးတဲ့သူခေါ်ရင်မကြိုက်ဘူး"
"အမ်" ထိုစကားကြားလိုက်တော့ပိုကြောင်အမ်းအမ်းဖြစ်သွားသော ဆောင်းဟွန်းရယ်ပါ
"အာ အော် ဟုတ်ပါပြီ မခေါ်တော့ပါဘူး ဒါနဲ့ငါ့ကိုတစ်ခုခုကိုများစိတ်ဆိုးနေတာလား ဂျယ်ယွန်း အာ မီယန်း jake"
"မဆိုးပါဘူးလို့ပြောနေတယ်လေ လူလိုနားမလည်ဘူးလား"
"မဟုတ်ပါဘူး ဆိုးနေတယ်မလား ပြောပါဂျယ်ယွန်းရဲ့မပြောရင် (ကိုယ်မနေတတ်ဘူးလို့ပြောချင်ပေမဲ့ထွက်သွားတာက)ဂျယ်ယွန်းလို့ဘဲဆက်ခေါ်မှာနော်
" တဲ့