Unicode ver
သွားနေရင်း ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်လျက်
နေတော့တော်တော်ပူနေပြီး မနက် ၁၀နာရီခွဲရောက်နေပီ ထင်ပါရဲ့ သွားနေရင်း ဆောင်းဟွန်း တစ်နေရာမှာ ice cream cafe လေးတွေ့တော့"ဂျယ်ယွန်း နီး ice cream စားမလား"
ဂျိတ်လည်း ခေါင်းငြိမ့်ကာ"My mom is an alien လေး တစ်ခုလောက်"
ဆောင်းဟွန်းလည်း ကြောင်တောင်တောင်နဲ့"အော် အေအေ"
ပြောသာပြောရတာ သူများကိုအားနာတတ်တဲ့ပုံလည်းမပေါ်ဘူး ဟုစိတ်ထဲတွေးလျက်
Ice cream ယူပြီး သူရှိရာ ခုံသို့ လာခဲ့လိုက်သည်Ice-cream ကိုသူ့ဆီးလှမ်းပေးရင်း
" ဂျယ်ယွန်းကဘယ်နားမှာနေတာ" လို့လှမ်းမေးတော့ "ဒီအရှေ့ကတိုက်လေ "
သူလက်ညိုးထိုးရာနေရာကို ပြောလာတော့ ဝါး တကယ်ကို သူဌေးသားလေးဗျာ တက္ကသိုလ်ရဲ့ဘေးက စျေးအကြီးဆုံး ကွန်ဒိုမှာနေနိုင်တာတော်ယုံမှမဟုတ်ဘဲ ဟုစိတ်ထဲတွေးနေရင်းသူ့ဆီမှ"တစ်ယောက်ထဲနေတာ ဆောင်းဟွန်း ကရော"
"အော် ငါက မိသားစုနဲ့နေတာ ဒီကနေ ၂မိုင်လောက်အဝေးမှာ" လို့ပြောတော့သူက
"အော် ကောင်းလိုက်တာတဲ့"
"ဒီရှေ့က ice cream cafeကမိုက်တယ် ဗျာ
မထင်ထားဘူး နောက်တစ်ခါ လာဝယ်စားအုံးမှဘဲ
ဒါမဲ့အဖော်မရှိတာခက်တယ်""ငါနဲ့စားလို့ရတာဘဲ "ဆောင်းဟွန်း ဆီကအသံကြားတော့ သူ့မှာ အူကြောင်ကြောင်လေးနဲ့ ပြူးကြည့်နေလေရဲ့
"အ ဟမ် ဒါနဲ့ငါနဲ့ရွယ်တူဘဲဆိုတော့ နင်ငါဘဲပြောလို့ရတယ်မလား"လို့ဆောင်းဟွန်း ဆီကနောက်ထပ်စကားကြားတော့မှ
" အော် အင်း အင်း ရတာပေါ."
"အမ် စား ပြီးပြီဆိုတော့ အခု အခန်းကိုသွားကြတော့မလား"
"အမ်"
"အော် အခန်းဆီကိုပစ္စည်း ချဖို့သွားကြတော့မလားလို " အဲ့တော့မှ sim jakeက
ဟူး ငါဘာတွေတွေးနေတာ ဟုကိုယ့်ဘာကို တွေးနေရင်း
"အော် အွန်း အွန်း"