who are you 2

245 33 10
                                    


Unicode ver


နောက်တစ်​ခေါက် ဂျယ်ယွန်းသတိရလာတဲ့သုံးရက်မြှောက်မှာ Jungwon တို့နဲ့သွားကြည့်​တော့ ဂျယ်ယွန်းက ကိုယ့်ကို​တွေ့​တော့ လန့်ပြီး Jungwon နဲ့niki တို့ကို အော်​​ခေါ်​နေတာဗျာ ကျွန်​တော်လည်း သူ​အော်​တော့

"သူကျွန်​တော့်ကို အရမ်းမုန်းသွားပြီထင်ပါတယ် "
အ​တွေးထဲတစ်​ယောက်တည်းစကား​ပြော​နေရင်း ဝမ်းနည်းစွာထို​နေရာကထွက်လာခဲ့လိုက်သည်
နောက်​နေ့​တွေမှာ သူ့ကိုတိုက်ရိုက်​တွေ့ဖို့မဖြစ်နိုင်​တော့ တတ်နိုင်သ​လောက် အ​ဝေးက​နေသာ သူချစ်ရသူကိုစောင့်ရှောက်ရ​တော့မယ် ဒါဘုရားသခင်​ပေးတဲ့သူ့အတွက်အပြစ်ဒဏ်နေမှာပါ

ဒါပြီးရင် သူတို့ကို ကောင်းမွန်းတဲ့အရာ​တွေဘဲ​ရောက်လာဖို့​ဆု​တောင်းရင်း ဆောင်းဟွန်း တစ်​ယောက် ဆေးရုံကအပြန် လေးလံ​နေ​သော ခြေလှမ်းကိုလှမ်းရင်း ဆု​တောင်း​နေမိတာ နေ့တိုင်းလိုလိုပင် ဒါ​​ပေမဲ့ တစ်လ​နေတဲ့အထိပင်မဖြစ်​နိုင်သေး အဆိုးဆုံးက သူ့ချစ်တဲ့​ကောင်​လေးကသူ့ကို မုန်း​နေပြီဆိုတာ မ​ပြောလည်း သူအသိဆုံးအမှန်တရားမို့ ဒါကသူ့အတွက် ဝမ်းနည်းစရာ​ကောင်းလှတဲ့ အသိ

နောက်ဆုံးအ​နေနဲ့ သူ့ကိုမချစ်ရင်​တော့ အမုန်း တွေမရှိဘဲ့သူချစ်တဲ့​ကောင်​လေးအဆင်​ပြေ​ပြေရှိ​နေဖို့သာအဓိကမလား ဟုတ်တယ် သူချစ်တဲ့​ကောင်​လေး​ပျော်ဖို့ သူအနစ်နာခံပြီးအ​ဝေးဆုံးမှာ​နေရမှာဘဲ ဟုတ်တယ်

၂လနဲ့တစ်ပတ်​လောက်ကြာ​တော့ဂျယ်ယွန်း ပတ်တီး​တွေအကုန်​ဖြေပြီးလို့ ဝှီးရှဲနဲ့အပြင်ကို တ​ယောက်တည်း​လေညှင်းခံဖို့ထွက်လာလိုက်သည် မေ​မေက​တော့ ဆေးရုံစရိတ်​တွေသွား​ပေး​နေတာ သူလည်းမကြာခင်ဒီ​ဆေးရုံက ဆင်းရ​တော့မယ်တဲ့ ဆင်းပြီးရင်​မေ​မေကသူ့ကို သြဇီကိုပြန်​ခေါ်သွားမယ်​ပြောတယ် ဒါ​ပေမဲ့ သူမသွားချင်ဘူး သူဒီ​နေရာကတစ်​ယောက်​ယောက်လာမယ့်အချိန်ကို​စောင့်​နေချင်​သေးတယ် ဘယ်သူမှန်း​တော့မသိ​ပေမဲ့

အခု​တော့မဆင်းခင်​​လေး သူဒီ​ဆေးရုံရဲ့ရှုခင်းကို အဝကြည့်ဖို့ထွက်လာလိုက်သည်
ဆေးရုံရဲ့ဒုတိယထပ် လေသာ​ဆောင်က​နေ ရှုခင်း ကြည့်တော့ တော်​တော်ကို​နေသာထိုင်သာရှိသည် သူအခုတ​လော Jungwon နဲ့nikiနဲ့ပတ်သက်တဲ့
မှတ်ဥာဏ်​တွေ တစ်ချို့မှတ်မိလာ​ပေမဲ့ တစ်ခုခုကို မေ့​နေ​သေးတယ် အ​ရေးကြီးတဲ့အရာတစ်ခု ဟုတ်တယ် သူ့အတွက်အလိုအပ်ဆုံးအရာ​လေး​

Cause of you (Complete)Uni+Zawgyi Where stories live. Discover now