Unicode ver
မနက် အိပ်ရာကနိုးလာလို့ အရင်ဆုံးဘေးကိုစမ်းကြည့်တော့ လွတ်နေသောအိပ်ရာကိုကြည့်ပြီး ဂျယ်ယွန်းတစ်ယောက် ဝမ်းနည်းစိတ်တွေ လှိုင်ကနဲ့ အောင့်တက်လာသည် တစ်ယောက်တည်း ဝမ်းနည်းစွာ အိပ်ရာပေါ်ကဆင်းတော့ အခန်းတံခါးဖွင့်လာလို့ လှမ်းကြည့်တော့ သူအမြတ်နိုး ဆုံးလူသားလေး ဖိနပ်တောင်မစီးနိုင်တော့ ထိုလူသားဆီအပြေးသွားကာ ဖက်လိုက်တော့ သူအရှိန်လွန်သွားတယ်ထင်သည်
အပြင်ကိုနှစ်ယောက်စလုံးရောက်လာတော့သည် ဆောင်းဟွန်းလက်တစ်ဖက်ကလည်း အထုတ်တစ်ခုကိုကိုင်ထားလျက်မို့လူသွားလူလာရှိနေတော့ ဆောင်းဟွန်းလည်း လက်ကိုဖယ်မလို့ လုပ်တော့ ပိုတင်းတင်းကြပ်ကြပ်ဖက်လာပြီးငိုလာတဲ့ကောင်လေး ပါးစပ်ကလည်း
"ထွက်သွားပြီထင်နေတာ ဟွန်းနီးမကောင်းဘူး ဘာမှလည်းအသိမပေးဘူး"
ဆောင်းဟွန်းလည်း ဖယ်လို့မရလေတော့ အရပ်ကလည်းနဲနဲကွာနေတော့ ထိုပိစိကောင်လေးကို ခါးကနေချီကာ သူ့ခြေထောက်ကိုဆောင်းဟွန်း ခြေထောက်အပေါ်တင်စေကာ တစ်လှမ်းစီအထဲကိုဝင်လာလိုက်သည် မသိရင်ကလေးလေးကို ခြေထောက်နဲ့ချီနေသလိုပင် ခါးသိမ်သိမ်ကိုလည်း ဖက်ထားရင်း
ကုတင်ဆီရောက်တော့ ဖြေးဖြေးချင်း ထိုင်စေကာ
"ကိုယ်ဘယ်မှမသွားဘူး မင်းဆီမှာဘဲနေမှာ မင်းမနေခိုင်းရင်တောင်ကိုယ်နေမှာ အဲ့တာကြောင့်ကိုယ်ထွက်သွားမှာ စိတ်မပူနဲ့ဟုတ်ပြီလား"
အခုထိမျက်ရည်လက်စနဲ့ ထိုကောင်လေးကမလွတ်ချင်လွတ်ချင်နဲ့
"တကယ်နော် မထွက်သွားရဘူးနော် ဒါပေမဲ့ "
"ဘာဖြစ်လို့လဲ ဂျယ်ယွန်း"
"ဆောင်းဟွန်းမှာက ရည်းစားရှိတယ်လေ သူ့ဆီဘဲသွားလိုက်ပါ"
"ဘာပြောတာ ဂျယ်ယွန်း ကိုယ့်မှာရည်းစားရှိတယ်လို့ ဘယ်သူပြောတာလဲ ကိုယ်တောင်မသိလိုက်ဘူး"
"အဲ့တော့ ဟို ဆောင်းဟွန်း ကိုအမြဲပန်းလာပေးတဲ့ကောင်မလေးကရောဘာလဲ"