jealous you 2

252 28 0
                                    

Unicode ver

ဒီလိုနဲ့​ဖေ​ဖေလည်း ရောက်လာပြီး သြဇီမှာ ကျောင်းပြန်တက်ရမယ့်အ​ကြောင်း ဒီ​ဆေးရုံကဆင်းရင် ချက်ချင်းသွားရမည် ဖြစ်​​ကြောင်းကို ဆေးရုံးမဆင်းခင်ကတည်းက တတွတ်တွတ်​ပြော​နေ​တော့သည်

ခရီးအ​သေး​လေးခန​လေးသွားဖို့ နဲ့ ဒီမှာတစ်လ​လောက်​နေခွင့်​ပေးဖို့ကို မနည်းပြောလိုက်ရသည်
ဒီလိုပါဘဲ ကိုယ့်ရဲ့ချစ်ရသူနဲ့အတူ​နေရဖို့  ဒီ​လောက်​တော့စွန့်စားရမှာပါဘဲ

ဆောင်းဟွန်း​ရေ မင်းငါ့ကို ဒီတစ်လအတွင်း ကောင်း​ကောင်းမဆက်ဆံရင် မင်းငါ့ကို လက်လွတ်လိုက်ရမှ နောင်တမရပါနဲ့

ဒီလိုနဲ့ jakeလည်း ဆေးရုံကဆင်းပြီး jayတို့ကို ဘယ်အချိန်သွားမလဲ မေးမလို ဖုန်းဆက်လိုက်

"Hello jake ပြော"

"ဟို​လေ jayခရီးကဘယ်ချိန်သွားမှာလဲ​မေးမလို့"

"အွန်း မင်းဒီရက်​ဆေးရုံကဆင်းလာတာမလား နောက်၂ရက်​လောက်​နေမှ သွားရအောင် မင်းလည်း ကောင်း​ကောင်းနားပါအုံး"

"အွန်း  ဒါဆို ဒီလိုဘဲမှတ်ထားလိုက်မယ်​နော် ငါပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ပါအုံးမယ်"

"အော်​အော် ဒါဘဲ​နော် jake wonieကဖုန်းဆက်လာလို့"

"အော် အွန်း အွန်း "

ဒီလိုပါဘဲ jakeနိုးလာ​တော့အကုန်လုံးကအတွဲကိုယ်စီနဲ့  သူကသာတစ်​​ယောက်တည်း
ဒါဆို sunghoon နဲ့သူက​ရော ၂ယောက်သား ချစ်သူထက်​တောင်ပို​နေကြ​ပေမဲ့ ချစ်သူလို့​တောင်တစ်​ယောက်တဲ့တစ်​ယောက်အသိအမှတ်မပြုရ​သေး
ဒီလိုလည်း တစ်မျိုးပျော်စရာ​ကောင်းပါတယ်​လေ

"Hello wonie "

"ဘာလို့ နောက်ကျမှ​ဖြေတာလဲ အခုနကဘယ်သူနဲ့​ပြောနေတာလဲ ဖုန်းမအား​သေးဘူးတဲ့"

ဒီလိုပါဘဲ  စစချင်းကို အရစ်ခံရတဲ့ jayပါဘဲ
အရင်ကသူများကိုရစ်ခဲ့သမျှ  အနိုင်ကျင့်ခဲ့သမျှ အသဲခွဲခဲ့သမျှ ဒီ​ကောင်​လေးဆီမှာ စုပြုံ၍ ခံ​နေရပြီ​လေ

"ဘယ်သူနဲ့မှမဟုတ်ပါဘူး wonie ရဲ့ jakeနဲ့​ပြော​နေတာ သူက ခရီးသွားမယ့်အ​ကြောင်း​မေး​​နေတာ"

Cause of you (Complete)Uni+Zawgyi Where stories live. Discover now