Unicode ver
"မလာနဲ့ မလာခဲ့နဲ့"
ပြေးရင်း ပြေးရင်း ဂျယ်ယွန်းတစ်ယောက်အရမ်းမောနေပြီ သို့သော် ထို အကောင်များမှာလက်လျှော့မယ့် ပုံစံမပေါ် ပြေးရင်းပြေးရင်းတစ်နေရာအရောက်တော့ အမြင့်ဆုံးလို့ပင်ထင်ရလောက်တဲ့ရေတံခွန်တစ်ခု ကြည့်ရင်းကြည့်ရင်း အနောက်ကနေတစ်စုံတစ်ယောက်က လာတွန်းလိုက်သည်ဟု ထင်လို့လှည့်ကြည့်လိုက်တော့ ထိုလူသား စိတ်ထဲကအတိုင်းမသိပျော်သွားသော်လည်း ထိုသူက သူ့ကိုရက်စက်စွာကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးကာ နောက်တစ်ခါ ထပ်တွန်းလိုက်တော့ ဂျယ်ယွန်းတစ်ယောက်
လေးပေါ်မြှောက်သွားကာ နှလုံးခုန်နှုန်း ရပ်မတတ်ကြောက်နေရင်း ပြုတ်ကျလာတော့ ရုတ်တရက်လန့်ရင်း အိပ်ရာက နိုးလာသည် နိုးလာတော့ ဆရာဝန်များကလည်း လာကြည့်ကာ
"ဒီကောင်လေး ကတော်တော်အသက်ပြင်းတယ် ဒီလောက်အခြေအနေဆိုဘယ်သူမှအသက်မရှင်လောက်ပေမဲ့ သူ့ရဲ့တိုးတက်မှုကလျှော့တွက်လို့တော့မရဘူး ဒီအတိုင်းသာဆို တစ်ပတ်နေရင်ဆေးရုံကဆင်းလို့ပါပြီ"
လက်နှစ်ဖက်လုံးကျိုးသွားသည့်အပြင်ခေါင်းပါကွဲသွား သောကြောင့် ဆရာဝန်တိုင်းက ထိုကောင်လေးကိုလက်လျှော့ထားပြီးသား တော့ပေမဲ့ ၂လအတွင်းတော်တော်ကိုတိုးတက်လာသော ကြောင့် ဆရာဝန်က ဂျယ်ယွန်းကို ချီးကျူးနေခြင်း နိုးလာရင်တော်တော်နဲ့ကိုပြန်မအိပ်နိုင်တော့တဲ့ထိုကောင်လေးကဆရာဝန်ကို ပြုံးပြုံးလေးနဲ့ကြည့်နေသည်
ဟုတ်သည် သူသည် သူ့အတိတ်ကိုအကုန်မေ့သွားတဲ့ အပြစ်ကင်းတဲ့ကောင်လေး
Nikiနဲ့Jungwon ကလည်း သတင်းကြားကြားချင်းကို ထိုနေ့ကပင်ပြေးလာကြည့်ကြသည် သို့သော်တွေ့ခွင့်မရ တစ်လနေမှတွေ့ခွင့်ရသော်လည်း ၂လကျော်သည်အထိ(အခုချိန်ထိ)သူ့တို့ကိုမမှတ်မိသေး
တစ်ခေါက်တော့ရှိသည် sunghoon သူ့ကိုလာတွေ့တုန်းက သူအရမ်းကြောက်ပြီး nikiနဲ့Jungwon တို့နာမည်ကိုခေါ်နေခဲ့သည် ထိုအချိန်ကမှတ်မိပြီ အထင်နဲ့ပျော်သွားသော်လည်း sunghoon ပြန်သွားရော သူအရင်အတိုင်းပင် မမှတ်မိတော့ပေ။