Unicode ver
Sunghoon ပြန်ရောက်တော့ ညနေပင်ရောက်နေပြီး အိမ်ထဲကအမေနဲ့ညီမကတော မေးတော့မယ် ဘယ်သွားလာတယ်ဆိုပီး ပုံမှန်ဆို ပိတ်ရက်ဆိုရင်တောင်အပြင်သိပ်ထွက်လေ့မရှိတဲ့ကိုယ်က ဒီရက်တစ်နေကုန်ပျောက်နေတော့
အစစ်ခံရအုံးမှာဘဲ"ပြန်လာပါပြီ "
"ပြန်လာပါပြီ အမေရေ "
ဘယ်သူမှပြန်မထူးခနကျ ဖုန်းဆက်ကြည့်တော့
"Hello yeji နင်တို့ဘယ်ရောက်နေတာ"
"Hello မေမေလေ တောင်ပေါ်ကပြုတ်ကျလို့အဲ့တာ ဆေးရုံရောက်နေတာ"
"အဟမ် အဲ့တာကို ငါ့ကို ဘာလို့မပြောတာလဲ"
"အာ မေ့သွားလို့ ဟီး ပြီးတော့မေမေကလည်း အများကြီးမထိခိုက်ပါဘူး လက်မောင်းလေးဘဲနာသွားတာ ဟီး "
"အခုဆေးရုံမှာဘဲလား ငါလာခေါ်ရမလား "
"ရတယ် ရတယ် အခုဘဲပြန်လာတော့မို့ မေမေကိုဆေးထည့်ပြီးရင် ဒါနဲ့အကို ထမင်း ဟင်းချက်ထားနော် မေမေက လက်နာနေတယ် ပြန်လာရင်တစ်ခါတည်းစားလို့ရအောင်လို့"
"အေး အေး တင်နော် ပြန်လာမှတွေ့မယ် အမေ့ကိုသေချာမကြည့်ဘူး"
"ဂလုန်း"ပြောတာတောင်မဆုံးသေး ဖုန်းချသွားတဲ့ ချစ်စရာညီမလေး
"အိမ်း မေမေက နေမကောင်းတော့ ငါကအစွမ်းပြရတော့မှာပေါ့ ကဲ ဘယ်ကစရမလဲ အရင်ကလည်းနဲနဲပါးပါးချက်ဖူးထားတော့ သိပ်မခက်လောက်ဘူးထင်တာဘဲ" တစ်ယောက်တည်း စကားပြောနေရင်း ဆောင်းဟွန်း တစ်ယောက်လုပ်ငန်းစတော့သည်
စစတော့ဘာလုပ်ရမှန်းမသိတာနဲ့ ဖုန်းထဲက youtubeကိုဖွင့်လိုက်တယ်
ပိုဆိုးသွားရော
အလွဲအလွဲအချော် ချောနဲ့၂နာရီလောက်လုပ်လိုက်တော့ ရလာပါပြီ ကြက်ဥကြော်နဲ့ ဂင်မ်ချီ ဟင်းရည် နဲ့ ကင်မ်ချီ
ကိုယ့်ဘာကိုကြည့်ရင်းစိတ်ပင် ညစ်သွားသည်တစ်အောင့်နေတော့ မေမေတို့ပြန်လာသည်
"ဘယ်မလဲ ငါ့သားလေး ဟင်းချက်ထားတယ်ဆိုတော့မေမေမြည်းကြည့်ရအောင်" လို့ပြောရင်းဝင်လာတဲ့မေမေ့ စာပွဲဆီရောက်တော့
ဆွံအသွားသည်