Unicode ver
ဒီရက်က ပိတ်ရက်မို့ ဆောင်းဟွန်း နောက်ကျသည်အထိ အိပ်လိုက်မိသည် ၉နာရီရောက်တော့ မအိပ်နိုင်တော့ဘဲ ထလာလိုက်သည်
မျက်နှာသစ်သွားတိုက်ပီး အောက်ထပ်ကိုဆင်းလာတော့ အမေက စာပွဲပေါ်မှာ မနက်စာလေးအသင့်လုပ်ပေးထားတယ် အမေနဲ့ညီမလေးက ဘယ်ရောက်နေလဲဆိုတာတန်းသိလိုက်တယ် ပိတ်ရက်တိုင်းမရိုးနိုင်အောင် တောင်တက်နေကြမို့စိတ်မပါတပါနဲ့စားနေရင် အပြင်ထွက်လာမိသည် တံခါးကိုသေချာပိတ်ရင်း အပြင်ကိုထွက်လာတော့မနက်ခင်းလေလေးကတဖြူးဖြူးနဲ့ လန်းလန်းဆန်းဆန်းလေးဖြစ်သွားသည်
ခနအကြာ စတိုးဆိုင်တစ်ခုရှေ့အရောက်တော့ စတိုးဆိုင်ထဲမှာပစ္စည်းတွေဝယ်နေသော sim jake လေး hoodieအပြာရောင် အပါးလေးနဲ့ဗျာ တကယ့်ပိစိ လေးရယ်ပါ ခေါင်းကိုလည်းစွပ်ထားသည်မို့ အမှတ်တမဲ့မြင်ရင် မှတ်မိမှာမဟုတ်ပေမဲ့ စတွေ့ကတည်း ကထူးခြားတဲ့သူ့အပြုံးကြောင့်သေချာပေါက်မှတ်မိနေတာ
စတိုးဆိုင်ထဲ ဝင်လာတော့ သတိတောင်ထားမိပုံမပေါ် လိုအပ်တဲ့ပစ္စည်းတွေဝယ်နေပုံရတယ်
ခနအကြာတော့ အထုတ်အကြီးကြီးနဲ့ ငွေရှင်းတဲ့နေရာကိုရောက်လာ တာဗျာ အထုတ်လေးကသူ့ခန္ဓာကိုယ်ထက်ကြီးနေတော့ တကယ့်သေးသေးလေးဖြစ်သွားတယ် sim jakeရယ် ဖြစ်မှဖြစ်ရလေလိုက်ကြည့်နေရင်း တစ်နေရာအရောက်
Cow milkဝယ်မို့လက်လှမ်းလိုက်တော့
ဘေးက လူတစ်ယောက်လက်က မိမိလက်ပေါ်ရောက်လာတော့ ရုတ်တရက်လန့်ဖြန့်ပီး လက်ကိုပုတ်ထုတ်ပြီး ကြည့်လိုက်တော့ ပိစိလေးဗျာ သူကြည့်ရတာလန့်သွားပုံ မျက်လုံးပြူးပြူးလေးနဲ့ကြည့်နေတာ ဗျာ
ထိုအချိန်ဘေးမှ လူကြီးတစ်ယောက်ရောက်လာတော့ သူ့ကိုတိုက်မိမှာစိုးလို့ ဆွဲလိုက်မိတာ အရှိန်လွန်ပြီး ပိစိလေးက ရင်ဘတ်ကိုလာတိုက်ရက်သားဖြစ်သွားတယ် မသိရင်ဖက်လိုက်သလိုမျိူး
ထိုအချိန် ရင်ဘတ်ထဲကအလိုက်မသိတဲ့ အကောင်က ရုတ်တရက် အခုန်မြန်လာတယ် ရင်ခွင်ထဲကကောင်လေးကတော့ နှလုံးသားတည့်တည့်မှာ
သူ့ကိုငုံ့ကြည့်ရင်း သရေမျိုချလိုက်မိတယ် သူကပြုံးနေတာဗျာ ကိုယ့်ကိုတွေ့တော့ အဲ့နဲ့ကြောင်တောင်တောင်နဲ့ ၁၀ စက္ကန့်လောက်ငြိမ်နေမိတယ်
သူလည်း ရင်ခွင်ထဲကထွက်ဖို့အစီအစဥ်မရှိဘူးလားမသိဘူး
ခနအကြာတော့ရှက်ရမ်းရမ်းနဲ့ ကိုယ့်ကို တွန်းထုတ်နေတာဗျာ