Unicode ver
တနလာ် နေ့မနက်ခင်းလေး ဒီရက်လည်း sim jakeတစ်ယောက် ပျင်းပျင်းနဲ့ဆက်အိပ်နေမိသည်
မကြာပါဘူး နိုးစက်အသံမြည်လာသည် တစ်ပြိုင်နက်တည်း ဂျောင်ဝန်းဆီမှ ဖုန်းလာသည်
Jakeလည်း နိုးစက်ပိတ်ရင်း ကောက်ကိုင်လိုက်တော့"Hello wonie ဘာကိစ္စလည်း"
ဟုတ်တယ်ဂျောင်ဝန်းကိုဆို wonieလို့အခေါ်များသည် အသဲယားလို့ ဟီး သူကချစ်စရာကောင်းတာကိုး sim jakeတို့ကတော့ ဂျောင်ဝန်းဆိုတကယ့်သဲသဲလှုပ် ပိစိလေးလိုဆက်ဆံတတ်သည်
သူ့ညီငယ်လေးလိုမျိုး ဒါကိုဂျောင်ဝန်း ကလည်း ဘာမှသိပ်မပြော"အော် jake ရပြီလား ငါပြောစရာရှိလို့ဟ ဒီရက်ကတက္ကသိုလ်ကိုစောစောလာခဲ့ ငါအရှေ့မှာ စောင့်နေမယ်"
"အေးအေးပါ ငါအခုဘဲ ပြင်ဆင်ပြီးလာခဲ့မယ်"
"ဤသို့ဖြင့်jakeလည်း အိပ်ရာပေါ်ကဆင်းပြီးမြန်မြန်ဆန်ဆန်ပင် ပြင်ဆင်ခဲ့ပြီး မနက်စာတောင်မစားဘဲ တက္ကသိုလ်ကိုလိုက်လာခဲ့လိုက်သည်
သူသိပ်သိချင်တာကိုး သူ့wonie ေလးဘာပြောမယ်ဆိုတာခနအကြာတော့ရောက်ပါပြီ wonieကိုလိုက်ရှာကြည့်တော့ ဟော် တွေ့ပါပြီ အဆောင်တစ်ခုရဲ့အရှေ့မှာဖုန်းကြည့်ရင်းတစ်ယောက်တည်း ထိုင်နေတာ niki ေတာ့မတွေ့
"ဟေး wonie စောင့်နေတာကြာပြီလား ဆောရီးကွာ မင်းဖုန်းဆက်တဲ့အချိန် ငါအိပ်ရာထဲဘဲရှိနေသေးလို"
"ရတယ် ရတယ်ငါမင်းအကြောင်းမသိတာကျလို့"
လာ ငါပြောပြစရာတစ်ခုရှိလို့""ဘာလဲ "
ထူးထူးဆန်းဆန်း wonieက တိုးတိုးလေးလုပ်နေတော့ သူတောင်လန့်ချင်သွားသည်"ဟို ဒီလိုကွာ nikiကလေ sunghoonတို့ အတန်းထဲက sunooကို ကြိုက်နေလို့အဲ့တာ"
"အိမ်း ဘယ်လို "
"ဒီလိုကွာ ငါတို့ ပါမောက္ခကသူ့ကိုစာအုပ်သွားပေးတဲ့ရက်က သိတယ်မလား အဲ့မှာပြတင်းပေါက်ကနေကြည့်နေရင်းသူကမြင်မြင်ချင်းကို ကြွေသွားတာတဲ့"
"အာ့ကြောင့်မို့ ငြိမ်နေတာကိုး အဲ့ နေ့က"
"ဟုတ်တယ် အဲ့တာကြောင့်မို့ လွန်ခဲ့တဲ့ အပတ်ကမှ စလိုက်တာတဲ့"