You ignore me

228 29 0
                                    

Unicode ver

"က​လေး"

လှည့်ကြည့်လာ​သောသူ​လေး သို့သော်မျက်နှာက​တော့ထင်ထားတာထက်မာ​​နေသည် တစ်ခါမှမသိခဲ့သလို အေးစက်စက်အကြည့်​တွေ​ကြောင့်​ဆောင်းဟွန်း တုန်လှုပ်သွားသည်

"အခုနကခင်ဗျား ဘာများ​ပြောလိုက်သလဲ"

ခင်ဗျားတဲ့လား ဂျယ်ယွန်း​ရေ မင်းကိုယ့်ကို ဒီ​လောက်​တောင်မုန်းသွား​အောင် ဘာကလုပ်လိုက်တာလဲကွာ ကိုယ်ဘယ်က​နေပြန်စရ​တော့မလဲမင်းနဲ့ ဟူး...

"အော်ဘာမှမဟုတ်ပါဘူး မန်​နေဂျာရှင်းမ်"

"ဘာမှမဟုတ်ရင် အလုပ်ပြန်သွားလုပ်လို့ရပြီ "

"ဟုတ်ကဲ့"

ဆောင်းဟွန်းထွက်သွားမလို့လုပ်​တော့

"ခန​နေအုံး မင်းကငါ့​လက်​ထောက်ဆို​တော့ မနက်​ကျရင်ငါ့ကိုလာ​ခေါ်ရမယ် မနက်၇နာရီခွဲငါ့အိမ်ကိုအ​ရောက်လာ​နောက်ကျရင်အပြစ်ဒဏ်ခံရမယ်ဒါဘဲ အိမ်လိပ်စာကို​တော့ နောက်မှပို့​ပေးလိုက်မယ်"

"ဟုတ် ဟုတ်ကဲ့ "

ဆောင်းဟွန်း​တော်​တော်ပင်ဆွံ့အသွားသည်သူ့သိခဲ့တဲ့သူ့က​လေးကဒီ​လောက်​တောင်​ပြောင်းလဲသွားတာလား ဘာ​ကြောင့်များလဲ တွေးရင်သူအိမ်ကိုပြန်​ရောက်လာသည် ဒီတစ်ကြိမ်​တော့ ခါတိုင်းနဲ့မတူ သူအိမ်​ရောက်တာနဲ့သူ့က​လေးပြန်လာပြီဆိုတဲ့အသိနဲ့ထိုအိမ်​က​လေးမှာ​နွေး​ထွေးလာသလိုလိုရှိသည် ထို​နေ့ကသူ​ကောင်း​ကောင်းအိပ်​ပျော်ခဲ့သည် အိမ်မက်ထဲမှာလည်း သူ့က​လေး​ကို​တွေ့သည် သူ့က​လေးသိပ်ကိုလှ​နေသည် ထိုပန်ခင်းလေးထဲမှာ ဒါ​ပေမဲ့သူ့ကို​တွေ့​တော့သူ့က​လေးက​ပြေးသွားသည် သူလည်းလိုက်​ခေါ်ရင်းလန့်နိုးလာသည်

ရုတ်တရက်နာရီကြည့်လိုက်​တော့ မနက်၇နာရီ၁၅မိနစ်​သေပါပြီ ဆောင်းဟွန်း​ရေ မင်းတော့ပထမဆုံးရက်မှာပင် အဆူခံရ​တော့မယ်

သူလည်းမျက်နှာသစ်အဝတ်အစားမြန်မြန်လဲကာ သူ့မန်​နေဂျာဆီ အမြန်ထွက်လာခဲ့လိုက်သည်  သူ​ရောက်​တော့ ၇နာရီ ၃၅မိနစ် နဲနဲ​လေးဘဲ​နောက်ကျတာဆို​တော့သူသူသိပ်မ​ပြော​လောက်ပါဘူး ဟူး...
သက်ပြင်းတစ်ချက်ချကာ သူဘဲလ်တီးလိုက်သည်
ခနအကြာ​တော့ တံခါးလာဖွင့်​ပေး​သောလူငယ်တစ်​ယောက်ကြည့်ရတာ အိမ်ကအကူထင်တယ်

Cause of you (Complete)Uni+Zawgyi Where stories live. Discover now