Unicode ver
ဆောင်းဟွန်းလည်း စာမေးပွဲဖြေပြီးတာနဲ့ စိတ်ကိုလျှော့ချလိုက်က အတန်းအပြင်ကို ထွက်လာသည်
သးအရမ်းကိုပျော်နေသည် ဒါပေါ့ သူ့ကလေးနဲ့အကြာကြီးတူတူနေရတော့မှာကိုး
တွေးရင်းအပျော်မဆုံးသေး အနောက်ကခေါ်သံကြောင့် လှည့်ကြည့်မိတော့ ယူမီ"ဆောင်းဟွန်း ခနပြောစရာရှိလို့"
"ပြောစရာရှိရင်ဒီမှာဘဲပြော "
"လုပ်ပါ ခနလေးဘဲ နောက်ဆုံးအကြိမ်ဘဲကို"
ဆောင်းဟွန်းလည်း နောက်ဆုံးအကြိမ်ဆိုတော့ လိုက်သွားပေးလိုက်သည်
သူတို့ကျောင်းဆောင်အနောက်က လူများတဲ့နေရာမှာရောက်တော့ရပ်သွားတဲ့ ယူမီ သူ့ရည်ရွယ်ချက်ကဘာမှန်းမသိပေမဲ့လူများတော့အဆင်ပြေသားဘဲ
ယူမီကတော့တစ်စုံတစ်ခုကိုတွေ့သလိုလုပ်ပြီး
"ဘာလဲပြောစရာရှိတာမြန်မြန်ပြော ယူမီ ငါအချိန်မရှိဘူး"
ဆောင်းဟွန်းကပြောပြီးတာနဲ့ ရုတ်တရက်ဆောင်းဟွန်းကိုလာနမ်းသော ယူမီ
ဆောင်းဟွန်းလည်း ချက်ချင်းပင် တွန်းလိုက်သည်
သို့သော်ထိုကောင်မလေးကတော့ ပြုံပြုံးပင်ဆောင်းဟွန်းတော့ ဒေါသထွက်ကာပါးစပ်ကို သုတ်နေမိသည်
"မင်းအဲ့လောက်တောင်အရှက်မရှိဘူးလားယူမီ"
လူတွေကလည်းကွက်ကြည့်ကွက်ကြည့်နဲ့ ဟုတ်ပါတယ်သူမက တစ်ကျောင်းလုံးက queenကိုး
ဆောင်းဟွန်းလည်း ဒေါသထွက်စွာ ထိုနေရာကနေထွက်လာလိုက်သည်
စိတ်ထဲမှာတော့မလုံမလဲနဲ့ ဒါကိုသူ့ကလေးများတွေ့သွားရင် သူရင်ကွဲရမှာ တွေးရင်းတွေးရင်းအိမ်ပင်ရောက်လာသည် နေ့လည်ကကလေးတို့ဆီသွားရှာတော့ ပြန်သွားပြီတဲ့ကလေးက အဲ့တာနဲ့ ကိုယ်လည်း ခနလောက်ပတ်လျှောက်ကာ အခုမှပြန်ရောက်လာသည်
သူ့ကလေးရှိသည်အထင်နဲ့ တံခါးကိုဖြည်းဖြည်းဖွင့်ကာ
"ဂျယ်ယွန်း ဂျယ်ယွန်းနီး"