7.8K 1.3K 71
Unicode
"သူ တင်ပါးယားလို့ အဲ့ဒါကျွန်တော့်ကို ကုတ်ခိုင်းတာ"
ယွန်းရှန်းလျောင်ကိုကြည့်လိုက်ပြီးရှီချန်း ကိုယ့်ဘာသာရေရွတ်မိ
" မင်းဘာမှမပြောတာက ပိုကောင်းတယ်ကွ"
မျှော်လင့်ထားသလိုပဲ ယွန်းရှန်းလျောင်ရဲ့စကားကြားပြီးပြီးချင်း ချင်းဖန် ဒေါသတကြီးပြောလိုက်တယ်
"ထွက်သွား!"
ရှီချန်း ဘောင်းဘီ ကိုပြန်ကောက်စွပ်လိုက်ကာထွက်သွားဖို့ပြင်လိုက်တယ်။ဒါကအချိန်ကောင်းမဟုတ်သေးဘူး ။အရင်ဆုံးထွက်သွားတာကအကောင်းဆုံးပဲ။
ချင်းဖန် ချန်း ရဲ့လက်မောင်းကိုဆွဲထားလိုက်ပြီး ယွန်းရှန်းလျောင်ကို ထွက်သွားဖို့အချက်ပြလိုက်တယ်။ယွန်းရှန်းလျောင်တံခါးပိတ်ပြီးထွက်သွားတာနဲ့ ချင်းဖန် ခေါင်းငုံ့ကာ ရှီချန်းကိုကြည့်လိုက်သည်။
"မင်းက ဘယ်သွားမလို့လဲ?"
အာ!ဟုတ်သား သူက ချန်းကို ထွက်သွားဖို့ပြောတာမှမဟုတ်ဘဲ။သူ အခု ခွန်းကျန့်ရဲ့ကိုယ်ထဲရောက်နေတာကို မေ့တော့မလို့။ ချင်းဖန်နဲ့ယွန်းရှန်းလျောင် ထက် သူတို့ဆက်ဆံရေးကပိုရင်းနှီးတာ အသိသာပါပဲ။ဘာပဲဖြစ်ဖြစ် သူတို့က စုံတွဲတွေလေ...ကဲအခုတော့ လင်လင်တွေပဲထားပါတော့။အခုထွက်သွားသင်တဲ့သူက ယွန်းရှန်လျောင်ဆိုတာ အတိအကျပဲ။
"အဟမ်း"
ရှီချန်း လည်ချောင်းကိုအရင်ရှင်းလိုက်တယ်။တကယ်သူ ခွန်းကျန့်ရဲ့ ချွဲပစ်နေတဲ့သံနဲ့အသားမကျသေးဘူး။
"ကျွန်တော် ရေချိုးခန်းသုံးမလို့"
ချင်းဖန် ရှီချန်းရဲ့ပုခုံးကိုဆွဲလိုက်ပြီး ရေချိုးခန်းရှိရာဘက် လက်ညှိုးထိုးပြလိုက်တယ်။
"ဒီဘက်မှာ"
" အို့ အိပ်ယာပေါ်မှာလှဲနေရတာများတော့ နဲနဲနေရာတွေရောကုန်ပြီ"
ရှီချန်းခေါင်းကို အသာပုတ်ရင်း ရေချိုးခန်းထဲမြန်မြန်၀င်ကာတံခါးကိုလော့ခ်ချလိုက်တယ်။ဘေစင်ရှေ့မှာရပ် ကာမှန်ထဲက သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်တယ်။
"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now