6.1K 1K 28
Unicode
ရှီချန်း အဲ့ မကောင်းတဲ့ကောင်က သူ့ထက် အရပ်ပိုမြင့်နေတာကို ပို စိတ်ပျက်အရဆုံးပဲ။ ပိုဆိုးတာ က ဒီလူ ချင်းဖန်ရဲ့တရား၀င်ယောကျာ်း ဖြစ်တဲ့ရှီချန်းကို တောင် ရှက်ရွံ့မနေပဲ စိုက်ကြည့် လောက်အောင်ထိ အတော်အတင့်ရဲတာပဲ။ပြီးတော့ပြုံးလိုက်သေးတာ။
ဘယ်လိုတောင် ရှီချန်းကိုကြည့်ပြီးပြုံးပြရဲရတာလဲ။အရှက်မရှိချက်ပဲ။ထပ်အာရုံမစိုက်တော့ဘဲရှီချန်း တဖက်လှည့်ကာ အပေါ်ပြေးတက်လိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူတို့က ကွာရှင်းတော့မှာပဲ။
ဒီအမှိုက်သရိုက်ကို အိမ်ခေါ်လာပြီး ချင်းဖန် ဘာလုပ်ချင်နေမှန်းတော့မသိပေမယ့် ဒါသူ့အလုပ်မဟုတ်ဘူး။
ဒါပေမယ့် သူတို့ကအခုစုံတွဲတွေမဟုတ်လား?ဒါဆို သူကြောင်တစ်ကောင်လို တွယ်ကပ်နေရမှာလား?
ခွန်းကျန့်ရဲ့ နှလုံးသာထဲက ချင်းဖန်နေရာယူထားတာကို ဝေဖန်ရရင် ခွန်းကျန့် သောက်ဖြစ်မရှိလို့ရှီချန်းကို အုတ်ဂူကနေထွက်လာပြီး ဒေါသထွက်ပြနေမယ်ထင်တယ်။
ဒါ့ပြင် စစ်မရောက်ခင် အလံဖြူပြတာက ရှီချန်းရဲ့ နည်းလမ်းမဟုတ်ဘူး။
ဟုတ်ပြီ ငါလုပ်သင့်တဲ့နည်းက ဒီနည်းပဲ! ခင်ဗျား တို့နှစ်ယောက် ပါပါပါ လို့ရတယ်။ဒါပေမယ့် ဒါက ကွာရှင်းပြီးမှ။ မဟုတ်ဘူးဆိုရင် ဒါက အိမ်ထောင်ရေးဖောက်ပြန်တာပဲ!
ဒါက အကျင့်ပျက်တာဖြစ်ပြီး တရားမ၀င်ဘူး!!
"လေးလေး ဒါက.  "
"သူက ငါ့မိတ်ဆွေ ချန်းယု"
လျောင်ကို ဖြေပြီးပြီးချင်း ချင်းဖန် ‌ချန်းယုဖက်ခေါင်းလှည့်ကာ
"ဒါက ငါ့တူ"
"ဟဲလို ကောင်ချောလေး"
ချန်းယု ရှေ့နှစ်လမ်းလောက်တိုးလိုက်ကာ လျောင်ရဲ့ပုခုံးကိုဖက်ရင်း
"နာမယ်ဘယ်လိုခေါ်လဲ?"
"သူ့ကို စမနေနဲ့"
ချင်းဖန် သူ့ကို နောက်ချန်ထားပြီး
"စာကြည့်ခန်းထဲလိုက်ခဲ့"
ချင်းဖန် အဲလိုပြောတာကိုကြားလိုက်ရင်ပဲ ရှီချန်း အောက်ကို ဒေါသတကြီး ပြေးဆင်းလာတယ်။
"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Onde histórias criam vida. Descubra agora