အပိုင်း(၁၂) ယုရဲ့သား(ယုရဲ႕သား)

5.4K 892 29
                                    


Unicode

ရှီချန်း အိပ်မပျော်ဘဲ တစ်ညလုံး လူးလိမ့်နေမိတယ်။သူနောက်နေ့မနက်ထထချင်း ဒုတိယအိပ်ခန်းတံခါးရှေ့ ပြေးသွားပြီး တံခါးခေါက်လိုက်တယ်။
ဒါပေမယ့် ဘယ်သူမှတုံ့ပြန်မလာဘူး။
‌သူ အောက်ထပ်ကို ဆင်းပြီး ဖန်းမားကိုမေးတော့ ဖန်းမားက ယွန်းရှန်းလျောင်နဲ့ ချန်းယုက အခုထိ မထကြသေးဘူးတဲ့။

သူတို့အခန်းထဲမှာ ရှိရဲ့သားနဲ့တံခါးခေါက်တာကို ‌မဖြေကြဘူး။
သူတို့ မနေ့ညက အတော်ကြမ်းခဲ့ကြလို့ အခုမနက်မထနိုင်တာ အသိသာကြီး။
သူ မနက်စာစားရင်းတောင် ဒါကြီးကို တွေးနေမိတယ်။သူ အထွတ်အထိပ် စိတ်အလှုပ်ရှားဆုံးအပိုင်းကို တွေးတော့မဲ့ဆဲဆဲမှာ ဖန်းမားက နွားနိာ့ပူပူတစ်ခွက် သူ့ရှေ့လာချပေးတယ်....

ရှီချန်း အန်ချမိတော့မလိုဖြစ်သွားတယ်။

အဲ့ချိန်မှာ အပေါ်ထပ်က ယွန်းရှန်းလျောင်နဲ့ ချန်းယုတို့ကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်းပဲ။

သူတို့မနေ့ညက ခိုးနားထောင်ခံခဲ့ရတာ မသိဘူးနဲ့တူတယ်။
တိတိကျကျပြောရရင် ဒီအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်တာက တစ်ယောက်တည်းပဲ။အခြားတစ်ယောက်ကတော့ တစ်ညလုံးနီပါးနိုးနေလောက်တယ်။

ချန်းယု ကအိပ်ယာထဲမှာ ဆိုးဆိုးဝါးဝါးပဲ။

တစ်မိနစ်ပဲရှိသေး ချန်းယုက အိပ်ယာပေါ်ဖြဲကားလို့အိပ်နေတော့ လျောင်က တဖြေးဖြေး အိပ်ယာအစွန်းဖက်ရောက်ရော။နောက်တခါကျတော့ ချန်းယု လျောင်ရဲ့ကိုယ်ပေါ် ရေဘဝဲတစ်ကောင်လိုတွယ်ကပ် နေပြန်တယ်။ နောက်ထပ်ထပ်ပြီးတော့ ချန်းယုက လျောင်ရဲ့ကိုယ်ပေါ်တွယ်ကပ်နေတုန်း သူ့ရဲ့ခြေထောက်တွေက လျောင်ရဲ့ကိုယ်ကို ပွတ်သပ်နေသေးတာ။

ဒါပေမယ့်လည်းသနားစရာ လျောင်ကအခုမှ အသက်ပြည့်ကာစ ဆယ်ကျော်သက်လေးလေ။
လျောင် ကြိတ်မှိတ်ပြီး တစ်ညလုံးဒီလိုကြီးနေခဲ့ရတယ်။သူ့အသက်တစ်၀က်လောက် နှုတ်ယူခံရသလိုမျိုးပဲ။

အခုလေးတင် တံခါးလာခေါက်တာက ချန်းဆိုတာ သိပေမဲ့ ချန်းယုက အိပ်ပျော်နေတာမို့ အသံမပေးတော့ဘူး။
မနေ့ညက သူမအိပ်ခင် ဒီလူကပြောခဲ့တယ်။
သူ့ကို မနက်အစောကြီး နှိုးရင် သူ ‌ဒေါသထွက်မှာမို့ ဒါမျိုးမလုပ်ရင်ကောင်းမယ်လို့လျောင်ကိုကြိမ်းထားတယ်။

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now