4.9K 868 11
Unicode
လျောင်ကမေးလိုက်တယ်
"ကျွန်တော်လက်မခံရင်ရော?"
ချန်းယု"မင်း ပြန်စဉ်းစားရင်ကောင်းမယ်"
"ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား?"
လျောင် မတ်တပ်ရက်ပြီးအေးစက်စက်ပြုံးကာ
"လေးလေးကိုသွားပြောလည်းရတယ် ကျွန်တော်မကြောက်ဘူး သူ ခင်ဗျားပြောတာကိုယုံမလားကြည့်ကြသေးတာပေါ့''
"ငါပြောရဲတယ် မင်းဒီလိုစကားတွေပြောတဲ့အထိ မင်း မင်းလေးလေးကို ကောင်းကောင်းမသိသေးဘူးပဲ"
ချန်းယုသန်းလိုက်တယ်။
"ကောင်းပြီ ငါပင်ပန်းနေပြီ ဒီမှာ တရေးလောက်ထပ်အိပ်ဦးမယ် မင်းငါ့ကိုတစ်ယောက်တည်း ထားခဲ့လို့ရတယ်"
လျောင် သူ့ကိုမျက်မှောင်ကြုတ်ကြည့်ပြီး အပေါ်ကိုတက်သွားတယ်
ယု မျက်လုံးမှိတ်ပြီး နှစ်မိနစ်မကြာဘူး လျောင် ပြန်လှည့်လာတာကိုကြားလိုက်တယ် ။မျက်လုံးကိုမှိတ်ပြီး သွားဖြဲပြလိုက်တယ်။သူမေးလိုက်တယ်
"သေချာစဉ်းစားပြီးပြီလား?"
"ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ?"
လျောင်မေးလိုက်တယ်။
"နှစ်မျိုး စလုံးငါကအဆင်ပြေတယ်"
အိပ်ငိုက်နေတဲ့ အမ်ဘားက သူ့သခင်ရဲ့လည်ပင်းမှာ လည်ဆွဲလို ရစ်ပတ်ထားတယ်။
သူ က လျောင်ရဲ့အသံလည်းကြားရော မသိစိတ်အရ သူ့ရဲ့ကြွက်သားတွေက ကျုံ့သွားတယ်။
ချန်းယု သူ ရဲ့လျှာနှစ်ခွက ထွက်လာပြီး သူ့အကျီ ကော်လာဆီ ၀င်လာတာကိုစောင့်ပြီးမှ သူ့ကို ပုတ်လိုက်တယ်။ခေါင်းအုံးကို အောက်ချလိုက်ပြီး သူ့ သူ့လက်ကောက်၀တ်မှာ ပတ်လို့ရအောင်လုပ်ပြီး ဆိုဖာပေါ် တ၀က်တပျက် ထိုင်ရင်း လျောင်ကိုကြည့်ကာရယ်လိုက်တယ်။
"မင်းအခန်းထဲပြန်မသွားချင်ဘူးဆိုရင်လည်း ဒီမှာလဲအဆင်ပြေတယ် ဘယ်လိုpositionနေနေ ရတယ် မင်းအပေါ်ပဲမူတည်တယ်"
လျောင် တဖက်လှည့်ပြီး ထွက်သွားဖို့ပြင်လိုက်တယ်။
ယု သူ့ကို ရပ်ဖို့မြန်မြန်လှမ်းခေါ်လိုက်တယ်။သူ ရယ်ချင်စိတ်ကို အောင့်အီးကာ သူ့ရင်ဘတ်ကိုဖိထားရင်း
"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now