5.3K 785 18
Unicode
"ငါလည်း ငါ့လေးလေး ချက်ချင်းကြီး ပြန်ချလာမယ်လို့ ငါ ထင်မထားခဲ့ဘူး အိမ်က လူမနေတာကြာပြီလေ ငါ့မားကပဲ သန့်ရှင်းလေးလုပ်ဖို့ လူ လွှတ်ထားတာပဲရှိတာ ငါတောင် မှပါတီပွဲ စလုပ်ဖို့တောင် မကြံရသေးဘူး ငါ့လေးလေးရောက်နေကြောင်း သိလိုက်ရတယ်"
" .......အဲ့နေညက ငါတို့ အတော်လေးသောက်ခဲ့ကြပြီး မူးနေခဲ့ကြတာ အတန်း ခေါင်းဆောင်က နောက်ဆုံး ငါတို့နဲ့ကျန်ခဲ့တာပဲ သူထထွက်သွားတာလဲမြင်ရော မင်းက ဘီယာပုလင်းကြီးကိုင်ပြီး သူ့နောက်လိုက်သွားတာ မင်းကမူးနေတော့ မင်းဘယ်သူနဲ့တွေ့လဲ မင်း မပြောနိုင်ဘူး  မင်းက ဗီလာရဲ့ တံခါး ၀မှာ ငါ့လေးလေးကို လဲတွေ့ရော ငါလို့ ထင်သွားတယ်လေ မင်း သူ့ကိုယ် ပေါ်မှီလှဲချပြီး ဖက်ထားလိုက်တာများ နောက်ပြီး "လျောင်ဇီ"လို့လဲ သူ့ကို ခေါ်လိုက်သေးတာ ငါ မင်းကို လေးလေးဆီကနေ ဆွဲခွာ မလို့ပဲ အတန်းခေါင်းဆောင်က ငါ့ပေါ် ထပ်အန်ချတယ် ငါသူ့ကို အရင်ကူလုပ်ပေး ပြီး ပြန်ပို့ ပေးနေရတယ် ငါပြန်လာတော့ မင်းက အိပ်ယာပေါ်တောင် ရောက်နေပြီ pajamas တောင် ၀တ်ထားပြီးပြီ လေးလေးပြောတာတော့ မင်း သူ့အပေါ် အန်ချခဲ့တာတဲ့"
"နောက်တော့ ဘာဆက်ဖြစ်လဲ?"
ရှီချန်း ဆိုဖာ ပေါ် တင်ပြင်ခွေထိုင်ပြီး လက်တဖက်က ဖုန်းကို ကိုင်ထားကာ ကျန်တဖက်က မသိစိတ်အရ ခေါင်းအုံးကို ကိုင်ထားတယ်။
"မင်းလေးလေး က တခုခုပြောခဲ့သေးလား?"
"သူက မင်းကို ငါ့ရဲ့အတန်းဖော်လားလို့မေးခဲ့တယ် ငါလဲ ဟုတ်တယ်လို့ဖြေခဲ့တယ် ဒါပဲ  နောက်တော့ သူထွက်သွားတယ်  မင်းရှက်မှာ စိုးလို့ ငါက ဘာမှမပြောပြခဲ့တာ မင်းက နိုးလာတာနဲ့ အကုန်မမှတ်မိတော့ဘူးလေ"
ရှီချန်း သူ့နာခေါင်း ကို ထိလိုက်တယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး သူ့ခေါင်းထဲဘာမှရှိမနေဘူး။ သူအဲ့နေ့ ဆေးရုံကနိုးလာတော့ ချင်းဖန် ကို တွေ့တော့လည်း အတော်ချောတယ်လို့ ပဲ ခံစားရတာအပြင် သူ့ကို ရင်းနှီးနေတယ်လို့ လုံး၀ကို မခံစားရဘူး။
"ဒါဆို မင်းလေးလေး ကငါ့ကို တကယ် သဘောကျတာ ကိုမင်း ဘယ်လိုလုပ်ပြီး သိလဲ?"
"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now