အပိုင်း(၆) အစားအစာ ပွဲတော်အကြီးကြီး(အစားအစာ ပြဲေတာ္အႀကီးႀကီး)

6.7K 1.1K 33
                                    

Unicode

ရှီချန်း ရေချိုးသန့်စင်ပြီး ရေချိုးခန်းထဲကနေထွက်လာလိုက်တယ်။သူ ဒုတိယထပ်က အိပ်ခန်းရှေ့ဖြတ်သွားတော့ အခန်းထဲမှာ ယွန်းရှန်းလျောင်ကိုတွေ့လိုက်ရတယ်။ရှီချန်း အခန်းထဲပြေး၀င်လိုက်ပြီး ယွန်းရှန်းလျောင်ရဲ့ ဖင်ကို နောက်ကနေ ရိုက်ချလိုက်တယ်။

"ဒီမှာ ဘာလုပ်နေတာလဲ?"

ခေါင်းမော့ကြည့်လိုက်တော့ရှီချန်း လျောင်ရဲ့ရှေ့က suitcase ကိုတွေ့လိုက်တယ်။ချန်း မျက်လုံး‌တွေတောက်ပလာပြီး

"မင်းဒီမှာ နေမလို့လား??"

"အင်း"

လျောင် တဖက်လှည့်လာပြီး ဗီရိုရှေ့ရပ်ကာ ခေါက်ထားတဲ့အ၀တ်တွေကိုစီထည့်လိုက်တယ်။

"ငါ့မားက ဩဇီကိုထပ်သွားပြန်ပြီ အဲ့မှာ ဘယ်လောက်ကြီး ထိကြာအောင်နေမလဲ ငါမသိဘူး"

လျောင်ရဲ့ကျောပေါ်လက်တင်ဖို့ ရှီချန်း နှစ်လမ်းသုံးလှမ်းထပ်လျှောက်လိုက်တယ်။

"ငါမင်း‌ပြောတာ ကြားဖူးတယ် သူက ဒီနှစ် ဒီချိန်ဆို အဲ့ကို သွားနေကျ မလား?!"

"ဟုတ်တယ် တိတိကျကျပဲ "

လျောင် ရှီချန်းကို ဝေးဝေးတွန်းလိုက်ရင်း

"ငါတို့က အခု လေးလေးရဲ့အိမ်ထဲမှာ အပြုအမူတွေဆင်ခြင်စမ်းပါ"

"ဘာတွေကြောက်နေတာလဲ?ငါတို့ကဘယ်လောက်တောင်မှဖြူစင်တဲ့ရဲဘော်ရဲဘက်တွေလဲ!!"

ရှီချန်း လျောင့် ပုခုံးပေါ်ထပ်မှီဖို့ လုပ်လိုက်ရင်း

" အ မင်းပြောကြည့် ရှင်းကျန့်ကကျ အရပ်တအားရှည်ပြီး ဘာလို့ခွန်းကျန့်က ပုနေရတာလဲ?ငါဒါကို ကျင့်သားမရသေးဘူး!"

"ငါဘယ်လိုလုပ်ပြီး သိမှာလဲ?"

လျောင် ကိုယ်ကိုကိုင်းပြီး အိပ်ယာရဲ့တခြားဖက်ကိုလျှောက်သွားလိုက်တယ်။ရှီချန်း သူ့နောက်နေလိုက်လာတယ်။

"ကြည့်ရတာအရပ်က  တစ်ယောက်က သူ့အဖေဖက်ကိုမျိုးရိုးလိုက်ပြီး နောက်တစ်ယောက်က အမေဖက် ‌မျိုးရိုးလိုက်တာနေမှာပေါ့ကွာ"

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now