အပိုင်း(၁၄)ကင်မရာရှာကြခြင်း( ကင္မရာ႐ွာၾကျခင္း )

5K 883 59
                                    

Unicode

"ခင်ဗျားက ကျွန်တော့်ရဲ့လူ ဒါပေမယ့် ကျွန်တော်က ခင်ဗျားရဲ့ ကောင်လေးမဟူတ်ဘူး!"
လို့ ရှီချန်းကိုယ့်ဘာသာတွေးနေမိတယ်။

အရူးတစ်ယောက်လို ဆက်ဆံခံရမှာဆိုးလို့ ဒါကို ပြောမထွက်နိုင်တာကိုရှီချန်း သိတယ် ။ဒါပေမယ့်သူအခုစိတ်တိုနေတုန်းပဲ!

"ဟုတ်ပြီ ခင်ဗျားက ကျွန်တော်ရဲ့ လူ ဆိုတော့ ဘာလဲ?ခင်ဗျားကိုယ့်ဘာသာချိုးနိုင်တာပဲ"

ရှီချန်း အဲ့လိုပြန်ပြောပြီး ‌လူနာခန်းထဲကနေ ထွက်လာခဲ့တယ်။သူ ပျော်နေလား ဆိုတဲ့ ခံစားချက်မရေမရာနဲ့ပဲ။

ဓာတ်လှေကားထဲရောက်ရော သူနောင်တရချင်သွားတယ် ။
ဒါက ချင်းဖန်အတွက် လုံး၀အဆင်မပြေနိုင်ဘူး။

ချင်းဖန် သူ့ သူ့ကို ရေကူချိုးပေးဖို့ တကယ်ကြီး တစ်ယောက်ယောက် ကို ခေါ်လိုက်ရင်ရော?

ရှီချန်း ချင်းဖန် ကို လူအိုကြီးလို့ခဏခဏ ဝေဖန်ပြောဆိုနေပေမယ့် တကယ်တော့ ချင်းဖန်က အိုတဲ့ပုံ စံလုံး၀မပေါက်ဘူး။သူ့ပုံစံက ငယ်ရွယ်တဲ့ ခပ်ချောချော လူငယ်လေးပုံစံပေါက်နေတယ်။

ထပ်ပြောရရင် သူ့ကိုယ်နေကိုယ်ဟန်က တကယ့်ကို ပြည့်စုံတယ်။

မရဘူး!!!သူတို့ ကွာမရှင်းသေးသရွေ့ ချင်းဖန် ရဲ့ ကိုယ်တီးလုံးကို ဘယ်သူ့မှပေးမကြည့်နိုင်ဘူး!

‌ရှီချန်း ဓာတ်လှေကားက ခလုတ်ကို အချိန်မီနှိပ်ပြီး ပြေးထွက်လာလိုက်တယ်။

ချင်းဖန်ရဲ့ အခန်းထဲလည်းရောက်ရော လူနာကုတင်ဘက်ကို တန်းတန်းမတ်မတ်လျှောက်လာလိုက်တယ်။

ချင်းဖန် ကအခု သူ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ဖုန်းပြောနေတယ်။

"သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး မနက်ဖြန်ဆို ဆင်းလို့ရပြီ"

ရှီချန်း ချက်ချင်း ချင်းဖန် ရဲ့ လူနာ၀တ်စုံကို ချွတ်ဖို့လုပ်လိုက်တယ်။

ချင်းဖန် မျက်မှောင်ကြုတ်ပြီး ခဏလောက်ရပ်သွားကာပြီး မှ မေးလိုက်တယ်။

"မင်း ဘာလုပ်နေတာလဲ?"

"ခင်ဗျားရဲ့ အ၀တ်တွေချွတ်လိုက်!"

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now