အပိုင်း(၉)စတိုင်တူတဲ့ ရှူးဖိနပ်တစ်စုံ( စတိုင္တူတဲ့ ႐ွဴးဖိနပ္တစ္စုံ )

6.1K 1K 51
                                    

Unicode

ချင်းဖန် က အီလက်ထရောနစ်စာရွက်စာတမ်းတစ်စောင်ကိုဖတ်နေတယ်။ ရှီချန်း တချက်ကြည့်လိုက်တော့ စာလုံးတွေ ကတရုတ်လိုလဲမဟုတ် ၊အဂ်လိပ်လဲ မဟုတ်ပါဘဲ ရေးထားတာကိုတွေ့လိုက်ရတယ်။ ဘယ် ဘာသာစကားနဲ့ရေးထားမှန်း ရှီချန်း မသိဘူး။ holy shit ဒီလူအိုကြီးက နားလည်နိုင်တယ်ပေါ့လေ။

ရှီချန်း သူရဲ့လက်ကိုမြှောက်ပြီး ခေါင်းကိုကုတ်လိုက်တယ်။တစ်နည်းနည်းနဲ့  သူချက်ချင်း ဆိုသလို မလုံမခြုံ ဖြစ်နေသလိုခံစား နေရတယ်။ကြည့်လိုက်တော့  အမှတ်မထင်တွေ့လိုက်ရတာက ဆိုဖာပေါ်လှဲနေတဲ့သူက ငုတ်တုတ်ထထိုင်ကာ သူ့ကိုပြုံးကြည့်နေတာပဲ။

ရှီချန်း သူ့ကို သတိထားမိတာလဲ တွေ့ရော အသံမထွက်ပဲ တမင်တကာပြောလိုက်တယ်"အလှလေး"

ရှီချန်း သူ့မျက်နာကို အောက်ကိုချလိုက်ပြီး ထိုလူ့ကို အသံတိတ်နဲ့ပြောလိုက်တယ်။

"အရှက်မဲ့လိုက်တာ"

ချန်းယု အသည်းအသန်ရယ်ပါတော့တယ်။

ချင်းဖန် မော့ကြည့်တော့ ချန်းယုက မတ်တပ်ရပ်ကာ သူ့ကို လက်ဝှေ့ပြရင်း

"ငါသွားတော့မယ်ဒီမှာ ကြာကြာထပ်နေရင် ငါ့အရေပြားတွေ စုတ်ပြတ်သပ်ပြီးကွာကျကုန်တော့မယ်"

ရှီချန်း မျက်ဖြူလှန်ပြလိုက်တယ်

ချင်းဖန် ရှီချန်းကို ဘေးတိုက်တချက်ကြည့်ကာသူ့ခြေထောက်တွေကိုအသာလေးပုတ်ရင်း ချန်းယုကိုပြောလိုက်တယ်။

" ဒါရိုက်ဘာ ကို လိုက်ပို့ခိုင်းလိုက်မယ်"

"မလိုဘူး"

ချန်းယု သူ့လက်ထဲက ကားသော့ကို ‌လှုပ်ပြရင်း

"မင်းရဲ့ ဘေဘီလေးသာ ခဏလောက်ငှားလိုက်"

ချင်းဖန် ဗလာကျင်းစွာပြောလိုက်တယ်။

"ငါပြီးခဲ့တဲ့လကမှ ဒီကားကို ၀ယ်ထားတာ သေချာဂရုစိုက်စီး"

ချန်းယု လမ်းလျှောက်ရင်း

"အိုကေလေ"

သူလုံး၀ထွက်သွားတာကိုစောင့်ပြီး မှ ရှီချန်း မကြိုက်တဲ့လေသံနဲ့

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now