6.1K 1K 23
Unicode
ရှက်ဖို့ကောင်းပေမဲ့ ဒီတကြိမ်လည်း ရှီချန်း သူ့ကို လျစ်လျူရှုဖို့ရွေးချယ်လိုက်တယ်။
နောက်တော့ သူတို့အခန်းထဲကထွက်လာလိုက်တယ်။လျှောက်လမ်းမှာ အရောင်တောက်တောက်တွေ၀တ်စားထားတဲ့ ခပ်နွဲ့နွဲ့လူတစ်ယောက်လျှောက်လာတာကိုတွေ့တယ်။
ထိုလူက သူတို့ကိုတွေ့တော့ ချက်ချင်း သူမျက်လုံးတွေ ပင့်လိုက်တယ်။သူ ကချင်းဖန် ‌ဆီတန်းတန်းကြီးလျှောက်လာနေတယ်။လာနေတဲ့ လမ်းတစ်လျှောက်လုံးလည်း သူ့ရဲ့ ခါးသေးသေးလေးတွေက တွန့်လိမ်ကောက်ကွေ့နေတာပဲ။
ရှချန်း ချင်းဖန် နား ကပ်လာတာကို မြန်မြန်တားဖို့ပြင်လိုက်ပေမယ့် အဲ့လူ အချိန်မီရပ်အောင် လုပ်ဖို့ ကနောက်ကျသွားတယ်။ဒါကြောင့် ရှီချန်း ရဲ့ပါးနဲ့သူ့ပါးနဲ့က ထိမိ‌ တော့မလိုဖြစ်သွားတော့တယ်။
ဒါပေမယ့် ချင်းဖန်ရဲ့လက်ထွက်လာပြီးဒီလို ဖြစ် မှာကနေအချိန်မီတားလိုက်တယ်။
"ကျန့်လေး !မတွေ့တာတောင်ကြာပေါ့!ဘာလို့ we chatကတို့ရဲ့စာတွေကိုreplyမပြန်တာလဲ?!"
သူ့လောက်နီးနီး အရပ်ရှည်တဲ့ သူ့ရှေ့ကလူကို အမူအရာမဲ့စွာကြည့်ပြီး
"ခင်ဗျားက ဘယ်သူလဲ?"
"တို့လေ!တို့ကို မမှတ်မိတော့ဘူးလား?!"
အဲ့လူ နဲနဲ အေးခဲသွားပြီး ချင်းဖန်ဖက်လှည့်ကြည့်လိုက်တယ်။
"သူ တကယ်ကြီး အကုန်မေ့သွားတာလား?"
"အင်း"
ချင်းဖန် ရှီချန်း ရဲ့ဆံပင်တွေကိုထိလိုက်တယ်။
ရှီချန်း သူ့လက်တွေကိုပုတ်ထုတ်လိုက်တယ်။
ဒါပေမယ့် ချင်းဖန် စိတ်ပျက်မသွားဘူး။သူ ခပ်နွဲ့နွဲ့လူကို ပြုံးပြီးမေးလိုက်တယ်။
"မစ္စတာ ဝူနဲ့ အတူလာတာလား?"
"မဟုတ်ဘူး သူဘယ်သွားလဲ ဘယ်သူသိမှာလဲ? ဒီနေ့ညက ငါ့ညီမနဲ့ ချိန်းထားတာ သူမရှိတာက ပိုကောင်းတယ်!"
"ကောင်းပြီ ပျော်ရွှင် ပါစေ"
ချင်းဖန် ရှီချန်း ရဲ့ခါးကို ကိုင်လိုက်ပြီး
"ငါတို့ သွားရတော့မယ်"
ကော်ရစ်တာရဲ့အဆုံး ကတယောက်ယောက် ကလှမ်းအော်တာကြောင့် နွဲ့တဲ့တဲ့လူကလည်း ကျယ်ကျယ်ပြန်ပြောရင်း
"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now