အပိုင်း(၁၆)မွေးနေ့ ရောက်လာပြီ ( မွေးနေ့ ရောက်လာပြီ )

4.5K 855 27
                                    

Unicode

ချင်းဖန်က စောင့်ဖို့ ဆန္ဒရှိပေမယ့်လို့ ရှီချန်းကတော့ အဲ့လိုမဟုတ်ဘူးလေ။သူနေမယ်ဆိုရင် သူ့က အသတ်ခံရတာကို စောင့်နေတဲ့သိုး လို့ ဖြစ်သွားမယ်ဆိုတာ သူသိတယ် ။ဒါကြောင့် ဖြစ်နိုင်သမျှမြန်မြန်ပြေးတာအကောင်းဆုံးပဲ။အဲ့ကိစ္စဖြစ်လာအောင်ထိတော့ ရှီချန်း မတုံးဘူး။ဒါပေမဲ့ ချင်းဖန်ကလည်း သူ့ထက် နဲနဲမှမတုံးဘူး။

ရှီချန်း ရိုးရိုးရှင်းရှင်း အ၀တ်အစားတွေထုပ်ပိုးပြီး ထွက်သွားဖို့ပြင်လိုက်တယ်။ဒါပေမဲ့ ဗီလာရဲ့ဂိတ်ပေါက်ကို ရောက်တယ် ဆိုရင်ပဲ သူ့ကို အနက်ရောင်၀တ်စုံ၀တ်ထားတဲ့ လူနှစ်ယောက်ကတားလိုက်တယ်။

သူ သူတို့နဲ့ ပြန် ဖိုက် ချင်ပေမဲ့ လွယ်လွယ်လေးရှုံးနိမ့်မှာကို သိပြီး လက်လျှော့လိုက်ရတယ်။ရှီချန်း ဘယ်လိုနည်းနဲ့မှ မသင့်မြတ်နိုင်ဘူး။ဒါကြောင့် သူနောက်‌ နေ့ မနက်စောစောထ ပြီး လွတ်အောင်လုပ်ပေမဲ့ သူထပ်ဖမ်းခံရပြန်တယ်။တတိယမြောက်နေ့မှာတော့ အကုန်လုံးတ ရေးတမော အိပ်ချိန်စောင့်ပြီး ထွက်ပြေးပေမဲ့ ထပ်ဖမ်းခံရတယ်။ရှီချန်း သူကျရှုံးတဲ့အခေါက်တိုင်းမှာ ပိုပိုပြီး သတ္တိရှိလာတယ်။
စတုတ္ထနေ့မှာ နာရီ၀က်လောက်ထွက်ပြေးနိုင်ခဲ့ပြီး အဆုံးမှာတော့ ကြက်ကလေးငှက်ကလေးလို ချင်းဖန်ရဲ့ရှေ့မှာ ပဲ အရပ်၁.၉၀မီတာ ကျော်ကျော်လောက်ရှည်တဲ့ လူရှည်ကြီးရဲ့ သယ်လာတာကို ခံခဲ့ရတယ်။

ဒါက တအားကို အရှက်ရစရာပဲ။

လူရှည်ကြီး သူ့ကို လက်ကနေလွှတ်ပေးရော သူ ကြမ်းပြင်ပေါ် ခေါင်းငိုက်စိုက်ကာ ထိုင်နေလိုက်တယ်။

ချင်းဖန် မရယ်မိအောင်ကြိုးစားနေရတယ်။သူ ကိုယ်ရံတော်ထွက်သွားဖို့ လက်ဝှေ့ပြလိုက်ပြီး အိပ်ယာခေါင်းရင်းကို အေးအေးလူလူမှီကာ သတင်းစာကိုလှန်ဖတ်နေလိုက်တယ်။

ရှီချန်း ဘက်က လှုပ်ရှားတာကို မတွေ့တော့ သူသတိထားမိကာ မေးလိုက်တယ်။

"မင်း ထွက်ပြေးချင်နေတုန်းပဲလား?"

ရှီချန်း စိတ်အ‌ ခြေအနေသိပ်မကောင်းဘူး သူစကားပြောဖို့ကို အားမရှိဘူး။ဒါကြောင့် သူခေါင်းပဲငြိမ့်ပြလိုက်တယ်။

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now