အပိုင်း(၂၆) နောက်ဆုံးပိုင်း( ေနာက္ဆုံးပိုင္း )

8.7K 860 86
                                    

Unicode

အရာအားလုံးနေရာတကျဖြစ်သွားခြင်း

ချင်းဖန်က ရှီချန်း ကို တိတ်တိတ်လေးစောင့်ကြည့်နေခဲ့တာပင်။ ခွန်းကျန့်ရှိနေတာတောင်မှ ချင်းဖန် သူ့ရဲ့အချိန်ပိုအလုပ်တွေ ပြီးတာနဲ့ ရှီချန်းတို့ ကျောင်းဆီကို ကားနဲ့မောင်းလာတတ်သည်။ညနေခင်း ကိုယ်ပိုင် စာလုပ်ချိန်ပြီး လို့ပြန်တဲ့အခါကျရင်လည်း ‌‌ နောက်ကနေလိုက်ပြီး အိမ်ပြန်ပို့လေ့ရှိတယ်။ တခါတလေ ချန်းကို ကြည့်ဖို့ ရောက်လာတတ်သလို သူ တည်ရှိနေမှုကို ဖုံးကွယ်ပြီး နောက်ကနေ တစ်လမ်းလုံးဖြည်းဖြည်းချင်း နောက်ကနေလိုက်ခဲ့တာမျိုးလည်းရှိသည်။ချန်း သူ့ကို ရှာမတွေ့ခင်  တဖက်လှည့်ပြီး ထွက်သွားတတ်သေးတယ်။

အဲ့ အချိန်တွေမှာတုန်းက ခွန်းကျန့်ကတချိန်လုံး ချင်းဖန် အကြောင်းကို တွေးနေမိတာလေ။သူက ချင်းဖန်နဲ့ လက်ကလေး တွဲပြီး နှုတ်ဆက်ခဲ့ရင်တောင်မှ အဲ့လူနဲ့  ပတ်သက်သမျှအကုန်စူးစမ်းလိုက်ရှာသည်။ဒါကြောင့် ချန်း လည်ပင်းမှာ ၀တ်ထားတဲ့ထင်ရှား တဲ့ အဆောင်လက်ဖွဲ့ ကိုလည်း မမေ့ခဲ့ဘူး။

"ချင်းဖန်က ငါသူ့ကို နောက်ယောင်ခံနေတာကို သိနေတယ်လို့ ငါထင်တယ်ကွ ဒါတောင်သူ့ပုံစံက အဆင်ပြေနေတဲ့ပုံပဲ"

ကျန့် အသံက စိတ်ပျက်လက်ပျက်နဲ့

"သူက ငါဘာလုပ်လုပ် ဂရုကိုမစိုက်တာ သူ့က ငါ့အပေါ် စိတ်ကိုရှိမနေတာ"

ချန်း ဒီစကားလုံးတွေအပေါ် ဘယ်လိုတုန့်ပြန်ရမလဲမသိဘူး။ခဏလောက် တိတ်ဆိတ်နေပြီး မှ ချန်းပြောလိုက်သည်။

"လုပ်စမ်းပါ့ ဒါက စာမဖွဲ့လောက်ပါဘူး ခင်ဗျားကတအား ကြည့်ကောင်း‌ နေတာပဲ လူတွေက ခင်ဗျားကို သဘောကျပါတယ်ဗျာ!"

"ကောင်းပြီ ဒါက မှန်တယ် ငါက ရုပ်ချောတယ်!"

ခွန်းကျန့် ချန်းကိုစိုက်ကြည့်ပြီး

"မင်းရဲ့ အရင်က မျက်နာထက်ကို အစထောင်ပေါင်းများစွာ ချောတယ်ကွာ!"

"အင်း အင်း ဟုတ်ပါပြီ ဟုတ်ပါပြီ"

"ခရင်မ် လိမ်းဖို့ မှတ်ထားအုံး အသားရေ ထိမ်းသိန်းတဲ့ပစ္စည်းတွေ စသုံးတော့ ချင်းဖန်က စောက်ရမ်း ချမ်းသာတာမို့ မင်းကြိုက်သလို ၀ယ်သုံးနိုင်တယ်ကွ!!"

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now