အပိုင်း(၅)မီးဖိုချောင်ထဲမှာ(မီးဖိုေခ်ာင္ထဲမွာ)

7K 1.1K 25
                                    


Unicode

ရှီချန်း အခု တစ်ယောက်တည်းအိပ်ရ‌တာတောင် အရင်က အဖွဲ့လိုက်အိပ်ရတာထက်တောင် ပင်ပန်းသေးတယ်။ရှုပ်ထွေးပြီး‌ယောက်ယက်ခက်နေတဲ့အိမ်မက်တွေအများကြီးမက်ခဲ့တယ်။
အိမ်မက်ထဲမှာ သူနဲ့တွေ့ခဲ့ဖူးတဲ့သူတွေလား သူနဲ့ရင်းရင်းနီးနီးရှိခဲ့ဖူးတဲ့သူတွေလား တောင်မသိတဲ့ သူတွေရဲ့ နှိပ်စက် ကန်ကျောက်နေတာကိုခံနေရတယ်။

သူအတော်လေးကြောက်နေခဲ့ပြီး ငိုယိုနေခဲ့တာ ခေါင်းအုံးတောင်စိုကုန်တယ်။
မိန်းမ‌ကလေးဆန်တဲ့ ခွန်းကျန့်ကို လွယ်လွယ်အပြစ်တင်လိုက်ရင်းအိပ်ယာပေါ်ကထ ၊သူရဲ့နီရဲဖောင်းကားနေတဲ့ မျက်လုံးတွေကို ပွတ်ရင်းဝှါးသန်းလိုက်တယ်။
သူအိပ်ယာထဲက‌ထွက်လာတော့ ဆယ်နာရီတောင်ထိုးတော့မယ်။ဗိုက်ဆာလာတာ မဆန်းတော့ပါဘူး။ဝှါးအရှည်ကြီး ထပ်သန်းလိုက်တယ် သူအိပ်ချင်နေတုန်းပဲ။
ခေါင်းငိုက်စိုက်ရပ်ပဲ အောက်ထပ်ဆင်းလာလိုက်တယ်။ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ လူသုံးယောက်ထိုင်နေတာကိုတွေ့တော့ ရှီချန်းစိတ်ရှုပ်သွားပြီး တန့်သွားတယ်။

နှစ်ယောက်ကိုသူသိတယ်။နောက်တခြားတစ်ယောက်ကိုသူမသိဘူး။သူတို့အကုန်လုံး ရှီချန်းကို ကြည့်နေကြတယ်။

"ဘယ်အချိန်ရှိနေပြီလဲ သိလား?"

ရှီချန်း ခေါင်းကို လှည့်ပြီး နံရံပေါ်က တိုင်ကပ်နာရီကိုကြည့်လိုက်တယ်။

"၉:၅၃"

ယွန်းရှန်းလျောင် ရှီချန်း ကိုတစ်ချက်ကြည့်ပြီး သူ့ဖုန်းကို  ခေါင်း‌ငုံ့ကြည့်နေလိုက်ပြန်တယ်။ချင်းဖန်နဲ့ တခြားတစ် ယောက်က ပြိုင်တူပြောလိုက်ကြတယ်။

"ဒီကိုလာ"

အခု ဘာတွေဖြစ်နေတာလဲ?ရှီချန်း စိတ်ရှုပ်ရှုပ်နဲ့ဆက်လျှောက်လိုက်ပြီး သူတို့ရှေ့ကိုရပ်လိုက်တယ်။

"မင်းရဲ့အဝတ်အစားတွေကို နဲနဲ ပြင်လိုက်ဦး"

ချင်းဖန် သူ့လက်ထဲကသတင်းစာကိုအောက်ကို ချလိုက်တယ်။

ရှီချန်း သူရဲ့ညဝတ်အင်္ကျီကိုကြည့်ပြီးတော့ နဲနဲ ပြင်လိုက်တယ်။နောက်ဆုံး တော့ သူ ချင်းဖန်ကိုကြည့်လိုက်တယ် ။ပြီးတော့ သူ့ကို သံသယတွေနဲ့ကြည့်နေတဲ့မျက်နာချင်းဆိုင်ကလူကိုလည်းကြည့်လိုက်တယ်။

"သတိရလာတော့ ငါက ချစ်သူငယ်ချင်းကြီးရဲ့ ‌အဒေါ်ဖြစ်နေတယ်!!"[ဘာသာပြန် Z&U]Where stories live. Discover now