💕 မင်း / မင္း - 31

6.4K 324 135
                                    

✍️ Unicode

💕 မင်း
----------------

" ဆရာကစာသင်တာအရမ်းကောင်းတာပဲ… "

" ဟုတ်တယ်သင်္ချာပုစ္ဆာတွေရှင်းပြ‌တာတော်တော်ကောင်းတာ… "

" အသံကလဲနားထောင်လို့ကောင်းတယ်ဟ… "

" ဟုတ်ပါ့ဟယ်… တစ်ခါတစ်ခါပုံပြောပြရင်လဲအရမ်းနားထောင်လို့ကောင်းတာပဲ… "

" ဟဲ့… ရုပ်ကလည်းချောတယ်နော်… "

" အေးဟုတ်တယ်… ဆံပင်တွေနောက်ကိုလှန်ဖြီးပြီး မျက်မှန်တပ်ထားလို့ ဒါမှမဟုတ်ရင်တော်တော်နုလောက်တယ်…… "

" ဟုတ်ပါ့… လည်ကတုံးအင်္ကျီနဲ့ပုဆိုးဝတ်ထားလို့ပေါ့… ခေတ်ဆန်ဆန်ဝတ်ကြည့်လိုက်ပါလား တကယ်ချောသွားမှာ… "

" ဟဲ့ နင်တို့နော်… ကိုယ့်ဆရာကိုဏှာပူးမနေကြနဲ့… "

" ဏှာပူးတာမဟုတ်ပါဘူးဟ… ကျောင်းကဟိုကောင်မတွေ သူတို့ဆရာဆိုတာကိုအမွှန်းတင်လွန်းလို့ပါ… သူတို့ပြတဲ့ဓာတ်ပုံထဲကြည့်ရတာတော့ တို့ဆရာလောက်မချောပါဘူး…… "

" ဟုတ်တယ်… နောက်နေ့ကြ တို့ဆရာကိုဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်သွားမယ်… ဟိုကောင်မတွေပါးစပ်ဟောင်းလောင်းဖြစ်သွားစေရမယ်… "

" ဟုတ်တယ်… ခစ် ခစ် ခစ် ခစ် ခစ်… "

ထွဋ်ခေါင်ရှေ့ကကျောင်းသူလေးတွေအိမ်ကအကြိုလာတာကိုစောင့်ကြရင်း အဖိုးကြီးပေါက်စ အကြောင်းကိုချီးမွမ်းနေကြတာကြားရတော့ အဲဒါကိုယ့်ချစ်သူလို့ကြွားပစ်ချင်တာကိုထိန်းထားလို့မရ။

ဒါပေမဲ့ ချစ်သူမဟုတ်သေးတာကအတော်ဂွကျကျနိုင်နေတဲ့အဖြစ်။အခုထိချစ်တယ်လို့မပြောသေးတဲ့အဖိုးကြီးပေါက်စကိုအရင်လိုဆိုရင်တော့ဂျစ်တိုက်မိမှာဖြစ်ပေမဲ့ အခုတော့စိတ်ဆိုးသွားမှာစိုးတာမို့ အရွဲ့မတိုက်ရဲပါ။

တကယ်ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူကဘယ်လိုရုပ်ဖြစ်နေနေကြည့်လို့လှလာပြီးတော့ သူဘာလုပ်လုပ်အကောင်းမြင်တတ်လာပြီး သူဘယ်လောက်ဆိုးဆိုး သည်းခံသွားနိုင်တာမျိုးဆိုပဲ။

ဒါ့ကြောင့်ထင်ပါရဲ့ အခုတော့ ထွဋ်ခေါင်ကဂျစ်တိုက်လိုက်ဖို့ထက် အဖိုးကြီးပေါက်စကမချစ်တော့မှာသာစိုးရိမ်နေတတ်ခဲ့ပြီကော။

💕 မင်းWhere stories live. Discover now