💕 မင်း / မင္း - 7

5.8K 342 34
                                    

✍️ Unicode

💕 မင်း
----------------

အဖြူရောင် KLUGER ကားလေးကိုဖြည်းဖြည်းမောင်းရင်း ကားနောက်ခန်းမှာငြိမ်ငြိမ်လေးထိုင်လိုက်လာတဲ့ အဖိုးကြီးပေါက်စကို နောက်ကြည့်မှန်ကနေကြည့်လိုက်တော့ ကားပြတင်းကနေအပြင်ကိုငေးလို့။

ခပ်ချေချေမို့အမြင်ကပ်ခဲ့ရာက တော်‌တော်အသဲနုတာကိုတော့ မနက်ကမှသိခဲ့ရတာဖြစ်သည်။အမေဖြစ်သူရင်ခွင်ထဲခေါင်းတိုးပြီး ရှိုက်ကြီးတငင်ငိုနေတာတွေ့မှ ထွဋ်ခေါင်စိတ်ထဲသနားမိသွားသည်။

ထွဋ်ခေါင်ရှိနေတာကိုတောင်ဂရုမစိုက်နိုင်ဘဲ အသည်းအသန်ငိုနေခဲ့တာက ပီဘိကလေးလေးတစ်ယောက်လို။

လေယာဉ်ကွင်းထဲ ကားရောက်တော့ လေယာဉ်ကမရောက်သေးတာမို့ ကားပေါ်မှာပဲထိုင်ရင်းစောင့်နေလိုက်ကြသည်။

လေယာဉ်ဆင်းလာသံကြားမှ ကားပေါ်ကဆင်းကာ ဧည့်ကြိုတဲ့နေရာကိုသွားပြီး ထွက်လာတဲ့သူတွေကိုစောင့်ကြည့်ကြသည်။

နာမည်ကဒ်ပြားကြီးကိုအပေါ်မထောင်ဘဲအောက်ချကိုင်ကာ ခြေဖျားထောက်ကာထောက်ကာနဲ့ ဧည့်သည်တွေထွက်လာရာနေရာကိုလှမ်းကြည့်နေတဲ့အဖိုးကြီးပေါက်စကိုအမြင်ကပ်လာတာမို့

" ဆိုင်းဘုတ်ကို အပေါ်ထောင်ကိုင်ထားလိုက်လေ…… "

" မကိုင်ချင်ပါဘူး… ရှက်စရာကြီး…… "

" ရော်...... ပေးဒီကို…… "

အဖိုးကြီးပေါက်စဆီက နာမည်ကဒ်ပြားကိုယူကာ အပေါ်ကိုကိုင်မြှောက်ထားလိုက်သည်။

ခဏကြာမှ ကျောပိုးအိတ်တစ်လုံးနဲ့ luggage တစ်လုံးဆွဲကာထွက်လာတဲ့ ပိန်ပိန်ပါးပါးခပ်ချောချော အမျိုးသမီးတစ်ယောက်က လက်လှမ်းပြနေတာမို့

" ဟိုမှာ အစ်ကို့ မမလားမသိဘူးလက်ပြနေတယ်… အစ်ကိုနဲ့တော်တော်တူတယ်…… "

ဒီတော့မှ လုအုပ်ကြားထဲကနေ ခြေဖျားလေးထောက်ကာ ခုန်ဆွခုန်ဆွဖြင့်

" မမ… သားငယ်ဒီမှာ…… "

ဆိုင်းဘုဒ်ကိုင်ထားရမှာ ရှက်တဲ့သူက လူကြားထဲကနေအသံပြဲကြီးနဲ့ အော်ရတာကိုတော့မရှက်ဘူးလားမသိ။လက်တွေရောတောင်မြှောက်နေလိုက်သေး။

💕 မင်းWhere stories live. Discover now