💕 မင်း / မင္း - 14

5.7K 289 34
                                    

✍️ Unicode

💕 မင်း
----------------

" သားငယ်… အိပ်နေတုန်းလား… "

ဒီနေ့ကတနင်္ဂနွေနေ့မို့ ထွဋ်ခေါင် ကယ်ရီလိုက်သွားသည်အထိ အိပ်ရာကမထသေးပဲအိပ်နေခဲ့ခြင်းဖြစ်သည်။အခုမှဖုန်းဝင်လာတာမို့ဖုန်းကိုကောက်ကိုင်လိုက်တော့ ဖုန်းထဲက မမရဲ့အသံက ချစ်ခင်နှစ်လို‌ဖွယ်ကောင်းစွာပေါ်လာသည်။

" ဟုတ် မမ… "

" အဲဒါဆိုလဲထထ မျက်နှာသစ် ကိုယ်လက်သန့်စင် အဝတ်အစားလဲပြီးရင်အောက်ကိုဆင်းခဲ့… မမတို့အောက်ကစောင့်နေမယ်… "

" ဟုတ်… ဟုတ်… "

အောက်ကိုဆင်းခဲ့တော့ အဆောင်ဧည့်ခန်းမှာထိုင်နေတဲ့ မမကိုတွေ့ရသည်။

" ဘာကိစ္စရှိလို့လဲမမ… "

" မမနဲ့လိုက်ခဲ့… "

ရှေ့ကထွက်သွားတဲ့ မမနောက်ကိုလိုက်လာတော့ အဆောင်ရှေ့မှာ BMW အကောင်းစားအနက်ရောင်ကားကြီးတစ်စီးရပ်လို့ ။

" တက်… "

ကားတံခါးဖွင့်ပြီးအရင်တက်သွားတဲ့ မမနောက်ကလိုက်တက်လိုက်တော့ အထဲမှာရှိနေနှင့်တဲ့မေမေကပြုံးပြသည်။

မေမေ့ကိုပြုံးပြလိုက်ပြီး အရှေ့ကိုလှည့်လိုက်တော့ ကားအရှေ့ခန်းကခုံမှာ ဖေဖေထိုင်နေတာတွေ့သည်။ဖေဖေ့ကိုတွေ့တော့ တေဇာမင်း ရင်ထဲမှာထိတ်ခနဲ။

" ဘယ်သွားဖို့လဲ မမ… "

မမအနားကိုကပ်ကာလေသံလေးနဲ့မေးလိုက်တော့

" ရောက်တော့သိလိမ့်မယ်… "

မမကလဲ လေသံတိုးတိုးလေးနဲ့ပြန်ဖြေနေတာမို့ မောင်နှမနှစ်ယောက် ဖေဖေမကြားအောင် ပါးစပ်ပိတ်ကာရယ်မိကြပြန်သည်။သားနားတဲ့စားသောက်ဆိုင်ကြီးတစ်ဆိုင်ရှေ့မှာ ကားကိုရပ်လိုက်ပြီး ကားမောင်းသမားက ဖေဖေ့ဘက်က ကားတံခါးကိုအရင်ဆွဲဖွင့်ပေးသည်။

နောက်မှမေမေ့ဘက်ကတံခါးကိုဖွင့်ပေးနေတုန်း တေဇာမင်းနဲ့မမက ဒီဘက်ကတံခါးကိုဖွင့်ပြီးဆင်းလိုက်ကြသည်။

အားလုံးအောက်ကိုရောက်ကြမှ ကားမောင်းသမားက ဦးဆောင်ကာ စားသောက်ဆိုင်ရဲ့အပေါ်ထပ်က သန့်ရှင်းသပ်ရပ်နေတဲ့ အခန်းထဲကိုခေါ်သွားတာမို့ အားလုံးနောက်ကနေလိုက်သွားကြသည်။

💕 မင်းWhere stories live. Discover now