💕 မင်း / မင္း - 22

6.2K 318 41
                                    

✍️ Unicode

💕 မင်း
------------------

" ဆရာ… "

" ဗျား.......... "

" စာမေးပွဲဖြေပြီးသွားရင် ချောင်းသာကိုသွားရအောင်ဆရာ… "

ညကိုစာလာကျက်တဲ့ ရတီဦးက စာဖတ်တာနားနေတုန်း ချောင်းသာကိုသွားဖို့စကားစခဲ့တာဖြစ်သည်။

ဒီဇင်ဘာကျောင်းပိတ်အပြီး ဇန်နဝါရီလအစကျောင်းတွေပြန်အဖွင့်မှာ ရတီဦးနဲ့ မေလေးတို့က ကျော်သူကိုနဲ့အတူတူ စာလာကျက်ချင်တယ်ဆိုလို့လာဖို့ခေါ်ခဲ့ရတာဖြစ်ပြီး မေဖူးငုံကတော့အိမ်ဝေး၍မလာဖြစ်ခဲ့။

ကျော်သူကိုကတော့အိမ်ပြောင်းပြီးချိန်ကစအရင်လိုပဲ စာလာကျက်ပါရစေဆိုတာကြောင့် ခေါ်ထားရင်းကနေ ထွဋ်ခေါင်နဲ့နှစ်ယောက်တည်းမအိပ်ချင်တာကောမို့ ကျော်သူကို ကိုပါအိမ်မပြန်ခိုင်းတော့ဘဲ ဒီမှာပဲညအိပ်စေခဲ့တာဖြစ်သည်။

ကျော်သူကိုစအိပ်တဲ့ညကအဖြစ်အပျက်ကိုပြန်မြင်ယောင်လာရင်းအလိုလိုပြုံးမိပြန်သည်။အဲဒီနေ့ညကပုံမှန်အတိုင်းစာကျက်နေတဲ့ ထွဋ်ခေါင်ကအိပ်ကြဖို့အိပ်ခန်းထဲဝင်မှပြဿနာစရှာခဲ့တာဖြစ်သည်။

" ဟာ… ကျော်သူကိုက ဒီမှာအိပ်မှာလား… "

" ဟုတ်တယ် ကိုထွဋ်… "

" ပြန်လို့ရတာပဲကို… ပြန်ချင်ရင်လိုက်ပို့မယ်လေ… "

" ငါကမပြန်ခိုင်းတာ ထွဋ်ခေါင်ရ… သွားလိုက်ပြန်လိုက်နဲ့ပင်ပန်းပါတယ်… မနက်စာသင်ဝိုင်းကိုလိုက်ခဲ့ပြီးတော့မှ အဲဒီကနေပြန်ပို့ပေးတော့မလို့လေ… "

" ဒီထဲမှာကုတင်နှစ်လုံးထဲကို ဘယ်လိုအိပ်မှာလဲ… စာကြည့်ခန်းထဲမှာသွားအိပ်မှာလား… "

" ကုတင်က တစ်ယောက်အိပ်ပေမဲ့ နှစ်ယောက်အိပ်လို့ရအောင်ကျယ်ပါတယ်ဟ… ငါ့ကုတင်မှာပဲ အတူတူအိပ်လိုက်မယ်လေ… "

" အစ်ကိုပဲ နှစ်ယောက်မအိပ်တတ်ဘူးဆို… "

" ရပါတယ်… အ‌ခြေအနေအချိန်အခါအရပေါ့… "

" ဪ… အစ်ကို့............. "

" ဘာလဲ… "

ထွဋ်ခေါင်ကခဏငြိမ်နေပြီးမှ

💕 မင်းWhere stories live. Discover now