💕 မင်း / မင္း - 4

6.6K 352 28
                                    

✍️ Unicode

💕 မင်း
-----------------

" ဆရာ…… "

စာသင်စားပွဲမှာထိုင်ဖို့ပြင်နေတုန်း ရတီဦးက အရင်ခေါ်သည်။

" ဗျား............. "

" ဆရာ အဲလိုထူးရင် အရမ်းချစ်ဖို့ကောင်းတာပဲ…… "

" အမ်…… "

" ဟုတ်တယ်ဆရာရဲ့… အဲလိုလေးလေ ဗျာကို ဗျားဆိုပြီးအရှည်ကြီးဆွဲပြီးထူးတာ ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိဘူး…… "

" တော်ပါဗျာ… ဘာပြောမလို့လဲပြော…… "

" ဆရာ သူကလေ ကျော်သူကို တဲ့ သမီးတိုနဲ့ ဒီဝိုင်းမှာလိုက်ပြီး စာသင်မယ်လို့ပြောထားတဲ့တစ်ယောက်လေဆရာ… သူကအခုမှအားလို့ လိုက်တက်တာ…… "

" ဪ ဟုတ်လား ရပါတယ်… သမီးတို့အဆင်ပြေရင်ပြီးတာပါပဲ…… "

စားပွဲဝိုင်းမှာထိုင်လိုက်ကတည်းက သတိထားမိပေမဲ့ ရတီဦးတို့နှုတ်ဆက်ပေးမှပဲ ပြုံးပြဖြစ်သည်။ရတီဦးကိုပြန်ပြောရင်းက ထိုင်နေတဲ့ကောင်လေးကိုအကဲခတ်ကြည့်လိုက်တော့ဖြူဖြူနုနုနဲ့ ချစ်ရာကောင်းတဲ့ baby face လေးပိုင်ဆိုင်ထားသူ ဒီကောင်လေးကိုဘယ်မှာမြင်ဖူးပါလိမ့်။

" ဆရာ သားကိုမှတ်မိလား… "

တေဇာမင်းစဉ်းစားဆဲမှာပင်

" ဆရာနေတဲ့အဆောင်နားက ကုန်စုံဆိုင်ကပါဆရာ…… "

" အိုး…. မှတ်မိပြီ…… "

အဲဒီနေ့က ညနေစာသင်ဝိုင်းကအပြန် ကုန်စုံဆိုင်လေးမှာဝင်၍ ဈေးဝယ်ခဲ့ခြင်းပင်ဖြစ်သည်။အသုံးအဆောင်ကနေ စားစရာအထိရှိတဲ့ဆိုင်ကလေးမှာ လိုချင်တာတွေယူပြီးမှ တေဇာမင်းတစ်ယောက် ပိုက်ဆံမလောက်တဲ့အဖြစ်။

ကောင်တာပေါ်တင်ထားတဲ့ပစ္စည်းတွေကိုပြန်ထားရမလား ပိုက်ဆံပြန်သွားယူရမလား မ‌ဝေခွဲနိုင်ချိန် ဒီကလေးကအနားကို ရောက်လာခဲ့တာဖြစ်သည်။

" အစ်ကို… ဒီနားကယောက်ကျားလေးအဆောင်မှာနေတာမဟုတ်လား… ယူသွားလိုက်ပါခင်ဗျာ… ပြီးမှပြန်လာပေးလိုက်ပါ…… "

" နေပါစေတော့… ခဏနေမှပဲပြန်လာယူတော့မယ်…… "

" ယူသွားပါခင်ဗျ… ပါသလောက်ပေးထားခဲ့လိုက်ပါ… မနက်ဖြန်ပြန်ဆင်းလာမှသာ လိုတာပေးလိုက်ပါ…. "

💕 မင်းWhere stories live. Discover now