💕 မင်း / မင္း - 19

6.4K 365 59
                                    

✍️ Unicode

💕 မင်း
-----------------

အိပ်ရာကနိုးနိုးချင်းမှာပဲ ခေါင်းမထောင်နိုင်လောက်အောင်ကိုက်ခဲနေတာမို့ ပြန်အိပ်ချလိုက်သည်။ပထမဆုံးထွဋ်ခေါင်သတိထားမိတာက ခန္ဓာကိုယ်ပေါ်ရှိအနူးညံ့ဆုံးအစိတ်အပိုင်းဖြစ်တဲ့ ညီတော်မောင်ဆီကနာကျင်နေမှုပင်။

အရင်တုန်းကတစ်ခါတစ်ရံဖြစ်ဖူးတဲ့ နာကျင်မှုမျိုးနဲ့မတူတာဟာ ညတုန်းကတစ်ခုခုများလွဲမှားခဲ့လေသလားဆိုတဲ့ သံသယစိတ်တို့ဝင်လာပေမဲ့ ဘာမှစဉ်းစားလို့မရ။

ဒါပေမဲ့ ဘာတွေလွဲမှားခဲ့သလဲကို ထွဋ်ခေါင်မခန့်မှန်းတတ်။ဘေးကအိပ်ရာကိုကြည့်လိုက်တော့လဲညတုန်းကအိပ်စက်ပုံမရှိခဲ့တဲ့ အိပ်ရာကဒီအတိုင်းပဲရှိသေးသည်။ဒါဆို ထွဋ်ခေါင်အိပ်ရာပေါ်မှာအဖိုးကြီးပေါက်စကောအတူတူအိပ်ခဲ့ကြတာလား။

ဒါလည်းမဖြစ်နိုင်။ထွဋ်ခေါင်ခေါင်းအုံးပေါ်ကစိုထိုင်းဆဲရှိသေးတဲ့နေရာတွေကိုစမ်းမိတော့ ည‌တုန်းကခေါင်းကရေမခြောက်ဘဲအိပ်ခဲ့မိတာများလား။တွေးရင်းတွေးရင်းနဲ့ခေါင်းတွေပူလို့လာသည်။

အဖိုးကြီးပေါက်စနဲ့နီးနီးလေးအိပ်ချင်လို့ အခန်းတစ်ဖက်စီမှာပြင်ထားတဲ့အိပ်ရာထဲကမှ အိပ်ရာနှစ်ခုကိုနီးကပ်သွားအောင်တမင်ရွှေ့ထားခဲ့ခြင်းပင်။

အခုတော့အိပ်စက်ထားပုံမရှိတဲ့ ဘေးကအိပ်ရာကိုကြည့်ရင်း အဖိုးကြီးပေါက်စဘယ်သွားအိပ်ခဲ့သလဲတွေးမိကာ ပူပန်စိတ်ကရင်ထဲတိုးဝင်လာပြန်သည်။

အောက်ကိုလျှောကျနေတဲ့ပုဆိုးကိုဆွဲဝတ်ရင်း အိပ်ရာကချက်ချင်းထကာရေချိုးခန်းထဲဝင်လိုက်သည်။မလျှော်ရသေးတဲ့အဝတ်တွေကအဝတ်လျှော်ဇလုံထဲမှာဒီအတိုင်း။

အရင်ဆိုအဝတ်တွေကိုလျှော်ပြီးလှန်းထားတတ်တာမို့အခုမလျှော်သေးဘဲတွေ့ရတာကို ပိုပြီးစိုးရိမ်လာမိသည်။အပြင်ကိုထွက်ပြီး ဧည့်ခန်းနဲ့ဝရန်တာကိုအကုန်နှံ့အောင်လျှောက်ကြည့်ပေမဲ့ ဘယ်နေမှာမှမတွေ့လေ ပူပန်စိတ်ကပိုလာလေ။

ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲပြန်ဝင်ကာ မျက်နှာသစ်ပြီး အဝတ်တွေကိုလျှော်ထားလိုက်ဖို့အတွက် အဝတ်တွေထည့်ထားတဲ့ဇလုံနားကိုထိုင်ချလိုက်သည်။

💕 မင်းWhere stories live. Discover now