💕 မင်း / မင္း - 8

5.8K 327 23
                                    

✍️ Unicode

💕 မင်း
-----------------

" ဆရာ နဲ့ သူငယ်ချင်းတွေအားလုံး သမီးတို့ဆိုင်ကို ထမင်းစားလိုက်ခဲ့ရမယ်…… "

မနက်ဘက်အပြင်ဖြေတွေစာသင်ဝိုင်းပြီးတဲ့အခါ သွယ်သွယ်ဖြိုးကသူ့မွေးနေ့ဆိုပြီးထမင်းစား‌ခေါ်တာမို့သွယ်သွယ်ဖြိုးတို့ထမင်းဆိုင်ကို တစ်ဖွဲ့လုံးချီတက်ကြသည်။

ဒီတစ်ဝိုင်းလုံးကမိန်းခလေးတွေချည်းမို့ တေဇာမင်းတစ်ယောက်တည်းယောင်တောင်တောင်နဲ့ပါသွားသည်။

ဆိုင်ကအကာအရံတွေမရှိတာ‌ကောအမိုးကလဲတော်တော်မြင့်တာမို့ လင်းလင်းချင်းချင်းရှိလှသည်။တော်တော်ကျယ်တဲ့ဆိုင်ထဲကစားပွဲတော်တော်များများမှာ လူတွေကအပြည့်နီးပါးရှိနေတာကိုတွေ့ရတာနဲ့တင် နာမည်ကြီးဆိုင်တစ်ဆိုင်မှန်းသိသာလှသည်။

ထမင်းဟင်းတွေသာမက ဘီယာ ဘာညာသောက်စရာ ယမကာ အစုံရတာကြောင့်လဲပါမည်ထင်သည်။

" သွယ်ဖြိုး… အဆင်ပြေပါ့မလားဟင်…… "

ဆိုင်ထဲ ဝင်ဝင်ချင်းပင် အိန္ဒြာစိုးက သွယ်သွယ်ဖြိုးကို စားပွဲတစ်ခုဆီအသာမေးငေါ့ပြပြီး စိုးရိမ်သံနဲ့မေးတဲ့စကားကို

" အဆင်ပြေမှာပါ… ဆိုင်ထဲမှာတော့ ဘာမှလုပ်ရဲမယ်မထင်ပါဘူး…… "

" သမီးတို့ ဘာတွေဖြစ်နေကြတာလဲ…… "

" ဘာဖြစ်ပါဘူးဆရာ… ရပါတယ်… လာလာဆရာ…… "

စိုးရိမ်စိတ်မပြေသေးတဲ့ အိန္ဒြာစိုးကိုအကဲခတ်ရင်းနဲ့ကပင် သွယ်သွယ်ဖြိုး‌ခေါ်ရာနောက်ကိုပါလာကြသည်။လူပြည့်နေတဲ့စားပွဲတွေကိုရှောင်ရင်း ဆိုင်ရဲ့အလယ်တည့်တည့်နားလောက်ကစားပွဲအလွတ်မှာနေရာချထားပေးခဲ့ပြီး သွယ်သွယ်ဖြိုးက မီးဖိုဆောင်ဘက်ဝင်သွားသည်။

ကျန်ခဲ့တဲ့မိန်းခလေးတွေနဲ့ထွေရာလေးပါးစကားပြောရင်း ထမင်းဟင်းတွေလာချတာကိုစောင့်နေတုန်း ဆိုင်ထောင့်နားကစားပွဲမှာထိုင်နေကြတဲ့ လူငယ်သုံးယောက်ထလာကြကာ တေဇာမင်းတို့ထိုင်နေတဲ့စားပွဲမှာမပြောမဆိုဝင်ထိုင်ကြသည်။

" ညီလေးတို့ ဘာကိစ္စရှိလို့လဲ…… "

အရက်နံ့ထောင်းထောင်းထအောင်နံနေတဲ့ ကလေးတွေက တေဇာမင်းကိုရှူတည်တည်ပြန်ကြည့်ရင်း

💕 မင်းWhere stories live. Discover now