💕 မင်း / မင္း - 33

5.5K 297 56
                                    

✍️ Unicode

💕 မင်း
-----------------

" ဘာပြောလိုက်တာ သား… "

" ကျွန်တော် ကိုကို့ကိုချစ်တယ်မေမေ… "

" အေးလေ… ချစ်ပေါ့… ညီအစ်ကိုလိုနေကြတာပဲကြာပြီကို… "

" မဟုတ်ဘူးမေမေ… သားကသူ့ကိုလက်ထပ်ချင်တာ… "

" ဘယ်လို… "

ကားပြတင်းကနေအပြင်ကိုငေးရင်းလိုက်လာတဲ့မေမေက ထွဋ်ခေါင်စကားကြောင့်အလန့်တကြားဖြစ်သွားကာ

" သားကကိုကို့ကို သားရဲ့တစ်ဘဝတာလက်တွဲဖို့လက်ထပ်ချင်တာ… "

" သားကသေချာစဉ်းစားပြီးလို့လား… ယောက်ျားတွေချင်းကြိုက်တာအရမ်းမုန်းတယ်လို့ သားပဲပြောခဲ့တာလေ… "

" ဟူတ်တယ်မေမေ… အရမ်းမုန်းတဲ့ကြားကပဲ သားကိုကို့ကိုချစ်မိသွားတာ… "

" မေမေကတော့အပြစ်မပြောလိုပါဘူးသားရယ်… ဒါကသားရဲ့လွတ်လပ်ခွင့် သားရဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲလေ… ဘဝတစ်ခုကိုသားနဲ့အတူတူဖြတ်သန်းမဲ့သူဟာ သားကချစ်ရတဲ့သူပဲဖြစ်ရင်ပိုကောင်းတာပေါ့… ဒါမှသားစိတ်ချမ်းသာရမှာ… ဒါပေမဲ့ အသက်နှစ်ဆယ်အရွယ်လူပျိုဖော်ဝင်လာပြီဆိုရင် လိင်တူစိတ်ဝင်စားတာတွေလဲဖြစ်လာတတ်တယ်တဲ့… ဒီတော့သားက တေဇာ့ကိုခဏစိတ်ဝင်စားတာလား တကယ်ချစ်တာလားဆိုတာကွဲပြားဖို့တော့လိုမယ်… "

" ကိုကိုကလဲသားကိုအဲဒီလိုပဲပြောဖူးပါတယ်မေမေ… "

" နေပါဦး… သားလေးတေဇာကရော သားကိုပြန်ချစ်တယ်တဲ့လား… "

" ချစ်ပါတယ်မေမေ… ဒါပေမဲ့အဖြေတော့မပေးသေးဘူး… "

" အမ်… ဘယ်လိုလဲသားရဲ့…… "

" သားတို့အိမ်တက်တရားနာတဲ့နေ့ကလေ… မေမေမှတ်မိလား… "

" အင်းမှတ်မိတယ်သား… "

" အဲဒီနေ့ညက သားကအရက်တွေတအားမူးပြီး ကိုကို့ကိုစော်ကားမိခဲ့တယ်… "

" အို… ဘယ်လိုတွေဖြစ်ကုန်တာလဲသားရယ်… "

" ဟုတ်တယ်… သားလဲဘာ့ကြောင့်ဒီလိုဖြစ်သွားတယ်ဆိုတာမပြောတတ်ဘူး… ကိုကိုကဒီကိစ္စကိုမသိသလိုဘဲနေတာ… သားပြောတော့လဲမိန်းခလေးမဟုတ်လို့အရေးမကြီးဘူးတဲ့… ပြောမနေနဲ့ထားလိုက်တော့တဲ့… ဒါပေမဲ့ အဲဒီကတည်းကစ ကိုကို့ကိုသနားတာနဲ့ရောပြီး အရမ်းချစ်မိသွားတာပဲထင်တယ်မေမေ…… "

💕 မင်းWhere stories live. Discover now