💕 မင်း - နိဂုံး ရဲ့ အဆုံး / မင္း - နိဂုံး ရဲ႕ အဆုံး

8.8K 398 119
                                    

✍️ Unicode

💕 မင်း
-----------------

" အိမ်ကြကြိုက်သလိုလုပ်ပါဖေဖေ… အခုတော့ကားရပ်ပေးပါ… ထွဋ်ခေါင်တစ်ခုခုဖြစ်သွားလိမ့်မယ် ဖေဖေ… "

" သေတော့ဘာအရေးလဲ… ငါ့လာပြောမနေနဲ့… ဟိုကောင် ဒါ့ထက်မြန်မြန်မောင်းစမ်း…… "

ဒရိုင်ဘာက ကားကိုအရှိန်တင်လိုက်စဉ်မှာပင် မိုးတို့ကတဖွဲဖွဲ ကျလာသည်။ဆိုင်ကယ်ကို အရှိန်ထပ်တင်ပြီးလိုက်ချလာတဲ့ ထွဋ်ခေါင်ကိုကြည့်ရင်း စိုးရိမ်စိတ်တို့နဲ့အတူ ရင်ဘတ်ထဲမှာတင်းကြပ်ကာ ငိုလို့လည်းမရတော့ ။

" အခု ကားရပ်ပေး… ကျွန်တော်ဆင်းမယ်… "

ဒရိုင်ဘာကိုအော်ပြောလိုက်ပေမဲ့ ဒရိုင်ဘာက ဖေဖေ့ကိုပိုကြောက်ရတာမို့ တေဇာမင်းပြောတာကိုဂရုမစိုက်ပါ။

မျက်ရည်တွေကိုသုတ်ကာ ကားနောက်မှန်ကနေမြင်နေရတဲ့ မိုးတဖွဲဖွဲကြားက ထွဋ်ခေါင်ကိုစိုးရိမ်တကြီးနဲ့ မလိုက်ခဲ့တော့ဖို့လက်ဝါးကာပြရင်း အသက်ရှူရကြပ်သလိုခံစားလာရသည်။

ရုတ်တရက် ဒရိုင်ဘာက ဖေဖေလက်ညိုးထိုးပြတဲ့လမ်းထဲကို ကား‌ကွေ့ချလိုက်တော့ ထွဋ်ခေါင်ပါလိုက်ကွေ့ချလိုက်သည်။အဖြစ်အပျက်က အရမ်းကိုမြန်ဆန်လွန်းလှပါသည်။

နောက်ကလိုက်ကွေ့ချလိုက်တဲ့ ထွဋ်ခေါင်ရဲ့ဆိုင်ကယ်ဟာ မိုးရေချော်နေတာကြောင့်ကော အရှိန်အရမ်းများနေတာကောကြောင့် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးကပလက်ဖောင်းကို ဝင်တိုက်မိပြီး ထွဋ်ခေါင်ကတော့ ဆိုင်ကယ်ပေါ်ကိုကျော်ကာ လွင့်ထွက်သွားပါတော့သည်။

" ထွဋ်ခေါင်............... "

ကျယ်လောင်လှတဲ့အသံရဲ့နောက်မှာမျက်လုံးတွေကိုဖွင့်လိုက်တော့မှ အိပ်မက်ဆိုးမက်နေတာမှန်းသိလိုက်သည်။

မောဟိုက်နေတဲ့ရင်အစုံကိုငြိမ်သက်စေဖို့ ရေတစ်ခွက်ထသောက်လိုက်ကာ အိမ်လေးရဲ့အပြင်ဘက်ကိုထွက်ခဲ့တော့ ညနေစောင်းလုလုဖြစ်နေပါပြီ။

💕 မင်းWhere stories live. Discover now