💕 မင်း / မင္း - 1

15.9K 584 27
                                    

✍️ Unicode

💕 မင်း
--------------------

" တောက်… အိမ်ပေါ်ကဆင်းသွားစမ်း…… "

ဖေဖေ့ဆီကထွက်လာတဲ့ တောက်ခေါက်သံအဆုံး ခက်ထန်စွာထွက်လာတဲ့စကားရဲ့နောက်မှာ ခေါင်းကိုမော့လိုက်ရင်း မျက်ရည်တို့ကိုထိန်းလိုက်သည်။

အဖေနဲ့သားနှစ်ယောက်ကြားကတင်းမာမှုဟာ အရှိန်တော်တော်မြင့်နေခဲ့ပြီမို့ တစ်ခန်းလုံးမှာအေးစိမ့်စိမ့်အငွေ့အသက်တွေကဖုံးလွှမ်းနေကြသလိုတေဇာမင်းခံစားနေရသည်။

ဖေဖေ နဲ့ တေဇာမင်းကြားမှာရှိနေတဲ့ ဒီပြဿနာကတော်တော်တော့ကြာခဲ့ပြီဖြစ်သည်။ ဘယ်အချိန်ပေါက်ကွဲမလဲ မသိရတဲ့ဗုံးတစ်လုံးကို ကိုင်ထားခဲ့ရသလိုအခြေအနေကနေ ဒီနေ့တော့ စနက်တံပြုတ်သွားခဲ့ပြီပဲဖြစ်သည်။

ဖေဖေ့ရှေ့ကနေလှည့်အထွက်မှာ မေမေ့ရဲ့မသွားပါနဲ့သားရယ်လို့ တားနေတဲ့မျက်ဝန်းအကြည့်တွေကိုမသိကျိုးကျွန်ပြုရင်းဖေဖေ့ကိုစကားတစ်ခွန်းတော့ပြောဖြစ်အောင်ပြောလိုက်မိသေးသည်။

" ဟုတ်ကဲ့ပါဖေဖေ…… "

ဒီတစ်ခွန်းထွက်လာသေးတဲ့နှုတ်ခမ်း‌တွေကိုပဲ  တေဇာမင်းကျေးဇူးတင်ရသေးသည်။ ဒါမှမဟုတ်ရင် တေဇာမင်းဟာတော်တော်ကိုရိုင်းပြတဲ့သူဖြစ်သွားပေလိမ့်မည်။ဖေဖေ့ရှေ့မှာရပ်နေရာက အိမ်ခန်းဘက်ကိုခြေလှမ်းပြင်လိုက်တော့ မေမေ့ဆီကထွက်လာတဲ့ခေါ်သံမှာ ငိုသံတချို့ရောစွက်နေခဲ့ပြီ။

" သား…… "

လှမ်းခေါ်လိုက်တဲ့ မေမေ့ဘက်ကိုလှည့်ကြည့်လိုက်တော့ ဘာဆက်ပြောရမှန်းမသိဘဲ ငေးပြီးကြည့်နေတဲ့ မေမေ့ကိုတွေ့ရသည်။မေမေကဖေဖေ့ကိုလေးစားကြောက်ရွံ့ရသူမို့ ဝင်တားတာတွေပြန်ပြောတာတွေ ဘယ်တုန်းကမှလုပ်ခဲ့သူမဟုတ်။

အခုလည်း ဖေဖေ့ကိုဘာမှပြန်မပြောရဲသူပီပီ တေဇာမင်းကိုသာ အိမ်ကမသွားဖို့တောင်းပန်တဲ့မျက်ဝန်းတွေနဲ့လှမ်းကြည့်နေသည်။

မေမေ့ကိုကြည့်ရင်း စိတ်မကောင်းမိပေမဲ့ တေဇာမင်းရဲ့အခြေအနေကို လက်မခံနိုင်တဲ့ ဖေဖေနဲ့ဒီလို အခြေအနေမျိုးမှာအတူတူဆက်မနေချင်တော့။အငြိမ်းစားယူထားပြီးစည်းကမ်းကြီးသူကျောင်းဆရာပီပီ ဖေဖေကတေဇာမင်းအဖြစ်ကိုလုံးဝလက်မခံ။

💕 မင်းWhere stories live. Discover now