💕 မင်း / မင္း - 34

5.3K 298 104
                                    

✍️ Unicode

💕 မင်း
----------------

တေဇာမင်းတစ်ယောက်ပြန်သတိရလာလို့ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တာနဲ့ ဒါဆေးရုံဆိုတဲ့အသိက ချက်ချင်းဝင်လာသည်။

ထွဋ်ခေါင်ကော ပထမဦးဆုံးရောက်လာတဲ့အတွေးက ရင်ဘတ်တွေကိုနာကျင်စေပြန်သည်။မျက်ဝန်းအိမ်ထဲကနေ မျက်ရည်တို့ကစီးကျလာကြတော့ မေမေကအနားကိုရောက်လာသည်။

" သား သတိရလာပြီနော်… မလှုပ်နဲ့ဦးသား… ဆေးတွေသွင်းထားရသေးတယ်…… "

ဝမ်းသာအားရပြောရင်း မျက်ရည်လာသုတ်ပေးတဲ့ မေမေ့ကို မေးဖို့စဉ်းစားပြီးမှ ဖေဖေ့ကိုသတိရလို့မမေးဖြစ်။ဒါပေမဲ့လည်းသိချင်စိတ်ကို မအောင့်နိုင်ပြန်။မသိမသာဘေးကိုအသာစောင်းကြည့်လို့ ဖေဖေ့ကိုမတွေ့မှ

" ထွဋ်ခေါင်ကော မေမေ… "

မအောင့်နိုင်ပဲမေးချလိုက်ဝောာ့ မေမေ့မျက်နှာကကွက်ခနဲပျက်သွားသည်။

" ရှိတယ်သား… သူဟိုဖက်က အခန်းထဲမှာ… "

" ဘယ်လိုနေသေးလဲ မေမေ… "

" သတိမရသေးတာကလွဲရင် ကောင်းပါတယ်သားရယ်… "

အမေ့အသံမှာ တစ်ခုခုဖွက်ထားသလိုလို။တေဇာမင်းလည်းတစ်ခုခုကို ကြိုသိနေသလိုလို။

" ကျွန်တော်သူ့ကိုတွေ့ချင်တယ် မေမေ… "

" အေးပါသားရယ်… တွေ့ရပါတယ်… သားနေကောင်းတော့တွေ့ပေါ့… အခုတော့ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါဦး…… "

သူနာပြုမလေးဝင်လာပြီး ဆေးကုန်စပြုနေပြီဖြစ်တဲ့ လက်မောင်းကပိုက်ကိုဖြုတ်ပေးသည်။အကြောက်လွန်ပြီး သတိမေ့သွားရုံမို့ လူကတော့ အားယုတ်သလိုမခံစားရပဲ လန်းဆန်းလို့နေပါသည်။

" ကျွန်တော် ထိုင်ချင်တယ်မေမေ… "

မေမေကထူပေးဖို့လုပ်ဝောာ့မှ ခြေရင်းမှာထိုင်နေတဲ့ ဖေဖေထလာတာကိုမြင်လိုက်သည်။ဒါဆိုအစကတည်းက ဒီအခန်းထဲမှာ ဖေဖေရှိနေခဲ့တာပေါ့။‌ ဖေဖေပါလာကူထူပေးရင်း နောက်မှီစရာခေါင်းအုံးကိုလုပ်ပေးနေတုန်း

" ဖေဖေ… "

မျက်ရည်ကအလိုလိုကျချင်ပြန်သည်။ ဖေဖေက ဘာလဲဆိုတဲ့အဓိပ္ပါယ်နဲ့ လှမ်းကြည့်သည်။

💕 မင်းWhere stories live. Discover now