💕 မင်း / မင္း - 25

6.3K 373 75
                                    

✍️ Unicode

💕 မင်း
----------------

ကျော်သူကိုနဲ့ရေစပ်မှာရေဆော့နေတဲ့ အဖိုးကြီးပေါက်စကိုလှမ်းကြည့်ကာငေးကနဲဖြစ်သွားမိသည်။ချောင်းသာအမှတ်တရ ဒူးဖုံးရှော့ပင်နဲ့ချောင်းသာအမှတ်တရအင်္ကျီကိုဝမ်းဆက်ဝတ်ထားတဲ့အဖိုးကြီးပေါက်စကရေဆော့‌ရင်းရယ်မောနေတာဟာ တကယ့်ကလေးလေးတစ်ယောက်လို။

ဟိုနေ့ကသဲဖြူကျွန်းကိုသွားရင်း speed boat စီးကြတော့လည်း လှိုင်းအကျမှာကြောက်လန့်တကြားအော်ဟစ်ရင်း ရယ်မောနေခဲ့တဲ့ပုံက ခုချိန်ထိမျက်လုံးထဲကမထွက်သေး။

အခုလည်းရေစပ်မှာဆော့နေရာကတက်လာကာ ခဏနားနေကြရာက အခုတော့ ရှေ့ကနေစပိဘုတ်နဲ့ဆွဲပေးပြီး နောက်ကဖက်လုံးကြီးပေါ်မှာခွဖက်ထိုင်စီးရတဲ့ Bananaဆိုတာကိုသွားစီးကြရင်း လက်တစ်ဖက်ကိုမြှောက်ကာ အော်ဟစ်ရယ်မောလို့နေကြပြန်သည်။

" ထွဋ်ခေါင်… ဆရာတို့နဲ့အတူတူ ရေဆော့ချည်ရအောင်ကွာ… "

အနားလာထိုင်ရင်းပြောလိုက်တဲ့သူရကိုခေါင်းခါပြလိုက်သည်။အဖိုးကြီးပေါက်စက ထွဋ်ခေါင်တို့တွေမနေ့ကအနီးအနားရွာတွေကိုသွားလည်ရာကနေပြန်လာကတည်းကအချိုးပြောင်းသွားသည်။

ထွဋ်ခေါင်ကိုထိပ်တိုက်အတွေ့မခံတော့တာ၊ထွဋ်ခေါင်ကိုမြင်ရင်မသိမသာရှောင်သွားတတ်တာ၊တစ်ခုခုတော့တစ်ခုခုပဲလို့သိပေမဲ့ ဘာတစ်ခုလဲဆိုတာကိုတော့ ထွဋ်ခေါင်မခန့်မှန်းတတ်ခဲ့။

အဖိုးကြီးပေါက်စကအချိုးပြောင်းသွားပေမဲ့ ရတီဦးကတော့ ထွဋ်ခေါင်ကိုလက်ခံဖို့အရိပ်အယောင်တွေပြလာနေသည်။

အဖိုးကြီးပေါက်စနဲ့ရှင်းစရာရှိသေးလို့ပြောခဲ့တာတွေကိုခဏပြန်ရုပ်သိမ်းပါရစေဆိုပြီး ရတီဦးကိုပြောလိုက်တဲ့နေ့က မျက်နှာပျက်သွားတဲ့ ရတီဦးအတွက်စိတ်မကောင်းဖြစ်မိပေမဲ့ အဖိုးကြီးပေါက်စကိုသာ ထွဋ်ခေါင်ကမတော်မတရားလုပ်ခဲ့တာမှန်ရင် ယောက်ျားပီပီတာဝန်ယူရမည်သာဖြစ်သည်။

တာဝန်ယူရမယ်လို့အတွေးဝင်လာတော့ ကိုယ်တိုင်ကယောက်ျားတွေအချင်းချင်းကြိုက်ကြတာကိုသိပ်လက်မခံသူမို့ အဆင်ပြေပါ့မလားလို့စိုးရိမ်မိပြန်သည်။

💕 မင်းWhere stories live. Discover now