Unicode
ကောင်လေးက အသိမိတ်ဆွေများများစားစားတော့ရှိပုံမရပါ။ ကောင်လေးမားမား ရဲ့ စျာပနက လူအနည်းငယ်နဲ့သာ တိတ်တဆိတ်ကျင်းပဖြစ်သည်။ ကောင်းလေးရဲ့သူငယ်ချင်းဆိုတဲ့ လူနှစ်ယောက်ရယ်၊ ကောင်လေးမားမားရဲ့ တာဝန်ခံဆရာဝန်ရယ်၊ ကောင်လေးရဲ့အလုပ်ရှင်ဆိုသူရယ်၊ အခြားလူလေးငါးယောက်သာရှိသည်။
ကောင်းလေးက ဟိုနေ့ကစပြီး သူ့ကိုစကားမပြောတော့ပါ။ အစားလည်းကျွေးလို့မရပေ၊ တစ်ခါတစ်လေဒေါသတကြီးနဲ့ထအော်တတ်သေးသည်။ ထိုအချိန်မျိုးဆို ကောင်လေးရဲ့သူငယ်ချင်းတွေက သူ့ကိုအားနာသလိုကြည့်လာတဲ့အခါ မချိပြုံးလေးသာပြန်ပြုံးပြနိုင်သည်။
အခုစျာပနအခန်းအနားပြီးသွားလို့ အိမ်ပြန်ရောက်နေကြပြီ။ ကောင်လေးသူငယ်ချင်းနှစ်ယောက်ပါအိမ်ထိလိုက်လာသည်။ ကောင်လေးက စီးကရက်တစ်လိပ်ကိုခဲထားပြီးကုတင်ပေါ်ထိုင်နေသည်။ကျန်နှစ်ယောက်ကလည်း ရိပေါ်အနားမှပဲထိုင်နေကြသည်။
ရှောင်းကျန့်ကော်ဖီလေးနှစ်ခွက်ဖျော်က ဧည့်သည်တွေကိုချပေးလိုက်ပြီးဆိုဖာပေါ်ထိုင်လိုက်သည်။
"ငါက ဝမ်ဟောက်ရွှမ်း၊ သူကယွီပင်း ရိပေါ်နဲ့ငယ်သူငယ်ချင်းတွေပါ အခန်းအနားတုန်းက အလုပ်ရှုပ်နေကြလို့ အခုမှမိတ်ဆက်ရတယ်"
"ရှောင်းကျန့်ပါဗျ၊ ရိပေါ်ရဲ့အခန်းဖော်ပါ"
"သူနဲနဲစိတ်ရှုပ်နေချိန်မို့ သည်းခံပေးပါဦး"
"ရပါတယ်ဗျ , နားလည်ပါတယ်"
"ကဲ ရိပေါ် ငါတို့ပြန်မယ်"
ရိပေါ်ကခေါင်းငြိမ့်ပြလိုက်သည်။"ရှောင်းကျန့် ကော်ဖီကသောက်လို့ကောင်းတယ် ပြန်ဦးမယ်နော်"
"ဟုတ်ကဲ့ပါဗျ"
ဧည့်သည်နှစ်ယောက်ပြန်သွားတော့ အခန်းထဲမှာ သူတို့နှစ်ယောက်သာကျန်ခဲ့သည်။
ကောင်းလေးက စီးကရက်ဖွာရင်း မျက်လုံးတွေမှေးစင်းကာ သူ့ကိုကြည့်နေသည်။ ကျောင်းရှေ့မှာလာစောင့်နေတတ်တဲ့ကောင်လေးအဖြစ်သို့ပြန်ရောက်သွားသလိုမျိုး၊
............................................

DU LIEST GERADE
ကောင်လေး(Complete)
Aktuelle LiteraturYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။