Unicode
ကောင်လေးသွားတဲ့နောက်ကို တကောက်ကောက်လိုက်နေရင်း တနေရာရောက်တော့ ကောင်လေးက လမ်းလျှောက်နေတာကို ရပ်တန့်လိုက်သည်။ ကောင်လေးရပ်တော့သူပါ ရပ်လိုက်ပြီး ဘေးဘီကိုဝေ့ဝဲဲကြည့်လိုက်တော့ တည်းခိုးခန်းတစ်ခုရဲ့ရှေ့ကိုရောက်နေခြင်းဖြစ်သည်။သူကောင်လေးကို ကြည့်လိုက်တော့ ကောင်လေးက ဝင်သွားတော့ဆိုတဲ့သဘောမျိုးနဲ့ တည်းခိုခန်းဆီမေးဆက်ပြသည်။
သူ တည်းခိုးခန်းအပေါက်ဝ ရောက်တဲ့အချိန်မှာပဲ ကောင်လေးကလှည့်ပြန်သွားသည်။ သူလည်းကောင်လေးနောက်ကို ခပ်မြန်မြန်လိုက်သွားလိုက်ပြီး
"ကောင်လေး"
သူ့ခေါ်သံကြောင့် ကောင်လေးကလှည့်ကြည့်လာသည်။ ဘာစကားမှမပြောပဲ ဘာလဲဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ မျက်လုံးတွေကိုမှေးစင်းကာကြည့်သည်။
"ဟိုလေ...ဟိုဟာ"
"ငါ့မှာ ပိုက်ဆံနဲနဲပဲပါတာ, ဒီမှာတည်းရင် နောက်ရက်ငါထမင်းငတ်သွားမှာ အဲ့ဒါကြောင့်..ဟို""
"ဟေ့....မင်းကိုပိုက်ဆံချေးဖို့တော့ ငါ့မှမရှိဘူးနော်"
"......."
စကားဆက်မပြောပဲ ခေါင်းလေးငုံ့ကာ ရပ်နေတဲ့သူကြောင့် ရိပေါ်တစ်ယောက် ဆွဲပင်တွေကိုခပ်ကြမ်းကြမ်းဆွဲဖွပြီး သက်ပြင်းချလိုက်မိသည်။"ငါ့အိမ်လိုက်ခဲ့ချင်လား?"
"ဟင်"
"လိုက်မလား?, မလိုက်ဘူးလား?"
"လိုက်မယ်..လိုက်မယ်"
"နောက်ကလိုက်ခဲ့"
ကောင်လေးသွားတဲ့နောက်ကို ဆက်လိုက်ရပြန်သည်။ ကောင်လေးရဲ့တိုက်ခန်းက သိပ်မဝေးသောကြောင့် အကြာကြီးတော့မလျှောက်လိုက်ရပါ။
ကောင်လေးရဲ့အခန်းက တော်တော်လေးအိုဟောင်းနေပြီဖြစ်သော တိုက်တန်းတစ်ခုရဲ့ ဒုတိယထပ် ညာဘက်ဒေါင့်စွန်းလေးတွင်ရှိသည်။
တံခါးဖွင့်ကာဝင်လိုက်တော့ အဝတ်စားတချို့က ဆိုဖာအပေါ်တွင် ဖရိုဖရဲ ၊ တိုက်ခန်းလေးက ဟောတိုက်ပုံစံမျိုးဖြစ်ပြီး အိပ်ခန်းဖွဲ့ထားခြင်းမရှိပေ။ပစ္စည်းလည်းများများစားစားတော့မရှိပါ။
တစ်ယောက်အိပ်ကုတင်တစ်လုံးရယ်။ ဟောင်းနွမ်းနေတဲ့ဆိုဖာခုံရှည်တစ်ခုရယ်၊ ဗီရိုတစ်လုံးရယ်၊ ရေခဲသေတ္တာ တစ်ခုရယ်ရှိသည်။ ကုတင်ဘေးမှာတော့ စားပွဲလေးခပ်သေးသေးတစ်ခုရှိပြီး ထိုစားပွဲပေါ်မှာတော့ ဆေးလိပ်ပြာခွက်လေးတစ်ခုသာရှိသည်။အနောက်ဘက်မှာတော့ အိမ်သာ၊ ရေချိုးခန်းနဲ့ ထမင်းချက်တဲ့နေရာလေးရှိသည်။ ရှင်းလင်းနေတဲ့မီးဖိုချောင်က ထမင်းချက်စားလေ့မရှိကြောင်း ညွှန်ပြနေသည်။
VOCÊ ESTÁ LENDO
ကောင်လေး(Complete)
Ficção GeralYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။