အပိုင်း ၂၆

3.6K 305 5
                                    

Unicode

တစ်ထပ်အိမ်အ​သေး​လေးနဲ့ ခြံဝင်းကျယ်​လေး​ရှေ့မှာနှစ်​ယောက်သား​ခြေချမိကြ​တော့ တ​ယောက်မျက်နှာတ​ယောက်ကြည့်ရင်း မတိုင်ပင်ထားပဲ ပြုံးလိုက်မိသည်။​ရှောင်းကျန့်ကျိုးရန်မှာတာဝန်ကျတယ်လို့သိရတာနဲ့ ရိ​ပေါ်က သူ့အသိက​နေတဆင့် ကျိုးရန်မှာ ​နေစရာ အိမ်​လေးဝယ်ပြီး ​ရောက်လာတာနဲ့အဆင်သင့်​နေလို့ရ​အောင် ပြင်ဆင်ထား​လေသည်။ရိ​​ပေါ် ၁၀နှစ်သားကတည်းက​နေထိုင်ခဲ့တဲ့ ရှန်ဟိုင်းက တိုင်ခန်းအို​လေးကို​တော့ ​ရောင်းချလိုက်ရတာ​ပေါ့။

"အိမ်​လေးက သပ်သပ်ရပ်ရပ်​လေးပဲ"

​ရှောင်းကျန့်က အိမ်​လေးကိုလှည့်ပတ်ကြည့်ရင်းဆိုသည်။အိပ်ခန်းတခန်းသာပါဝင်​သောအိမ်​​လေးက ရိုးရိုးရှင်းရှင်း၊ ပရိ​ဘောဂ​တွေလည်း မဖြည့်ရ​သေး​တော့ မျက်စိရှုပ်​မ​နေ​ပေ။

"အင်း , အချစ်ရဲ့​​ဆေးရုံနဲ့လည်းနီး​တော့ အဆင်​ပြေတယ်"

"မင်းရဲ့တိုက်ခန်း​လေးကို​ရောင်းလိုက်ရတာ​တော့စိတ်မ​ကောင်းဘူး"

"ဘာစိတ်မ​ကောင်းစရာရှိလို့လဲ?"

"အဲ့တိုက်ခန်း​လေးက မင်းငယ်ငယ်ကတည်းက​နေခဲ့တဲ့ဟာ​လေ၊ ပြီး​တော့ ငါတို့ရဲ့အမှတ်တရ​တွေလည်းအများကြီးရှိတာမို့နှ​မြောတာ​ပေါ့"

"ကိစ္စမရှိပါဘူး၊ ဒီအိမ်​လေးမှာ​နောက်ထပ်အမှတ်တရ​တွေအများကြီးဖန်တီးလို့ရတာပဲ?"
ရိ​ပေါ်က​ရှောင်းကျန့်ကိုလှမ်ဖက်လိုက်ရင်းဆိုသည်။

"​ခြံထဲမှာပဲ ဝပ်ရှော့ရုံဖွင့်မှာလား?"

"အင်း"

"နဲနဲ​တော့ပြင်ဆင်ရဦးမှာ​ပေါ့"

"မနက်ဖြန်ကျ လိုအပ်တဲ့ပစ္စည်း​တွေ​ရောက််မယ်"

"မင်းမှာပိုက်ဆံ​ရောကျန်​သေးရဲ့လား?"

"ကိုယ်ကြည့်စီစဥ်ပါ့မယ်၊ အခု​တော့နားလိုက်ဦး"

"အင်း"
၃နာရီနီးပါး​လောက်ကားစီးခဲ့ရတာမို့ ပင်ပန်း​နေကြတာ​ကြောင့် တအိမ်လုံးကို​​တော့ သန့်ရှင်း​ရေးမလုပ်နိုင်​သေး၊ အိပ်ခန်း​လေးပဲကို ကမန်းကတမ်းရှင်းကာ အနားယူလိုက်ကြသည်။

​ကောင်​လေး(Complete)Tempat cerita menjadi hidup. Temukan sekarang