အပိုင်း၁၆

3.4K 328 6
                                    

Unicode

ကျန်းချန်က ထုထုမူးပြီးအိပ်​ပျော်​နေလို့ သူ့ဆီမှာပဲသိပ်လိုက်မယ်တဲ့၊ ဒီတိုင်းအိပ်​ပျော်​နေချိန်​တောင် သူ့ကိုဘာလုပ်လုပ်မသိတဲ့သူကို မူး​နေတဲ့အချိန် သူများအိမ်မှာ အိပ်ခွင့်ပြုရ​အောက် ဝမ်ရိ​ပေါ်က အရူးမှ မဟုတ်တာ။

ဖုန်းရရခြင်း ဆိုင်ကယ်လ်ကို အမြန်​မောင်းလာခဲ့တာ ​ကြောင့် စား​သောက်ဆိုင်က​နေ ကျန်ချန်တိုက်ခန်းကို ဘယ်လို​ရောက်လာမှန်း​တောင်မသိ။

ကျန်းချန်ရဲ့တိုက်ခန်းကို​ရောက်​တော့ ဆိုဖာ​ပေါ်မှာပက်လပ်​လေးအိပ်​​ပျော်နဲ့ အမူးသမား​လေးကို​တွေ့လိုက်ရသည်။ သူ​ပွေ့ချီဖို့လုပ်လိုက်​တော့ ကျန်းချန်က သူ့လက်ကိုဆွဲထားသည်။

"ဘာလုပ်တာလဲ?"

"မင်းနဲ့ငါ ခဏစကား​ပြောမယ်"

ကျန်းချန်က​ပြော​ပြောဆိုဆိုနဲ့သူ့လက်ကိုဆွဲကာ ဝရန်တာဘက်ကိုဆွဲ​ခေါ်လာသည်။

ဝရန်တာကို​ရောက်​တော့ ဘာစကားမှမဆို​သေးပဲ ​ဆေးလိပ်ဘူးထဲက​ဆေးလိပ်တစ်လိပ်ကိုထုပ်ကာနှုတ်ခမ်းမှာ​တော့လိုက်ပြီး ​ဆေးလိပ်ဘူးကို ရိ​ပေါ်ဆီကမ်း​ပေးသည်။

"ငါ​ဆေးလိပ်ဖြတ်ထားတယ်"
ကျန်ချန်က ​ဆေးလိပ်ဘူးကို ဝရန်တာလက်ရန်း​ပေါ်တင်လိုက်ပြီး ​ဘောင်းဘီအိတ်ထဲက မီးခြစ်ကိုထုတ်ကာ နှုတ်ခမ်းမှာ​တေ့ထားတဲ့​ဆေးလိပ်ကိုမီးညှိလိုက်သည်။

"​ရှောင်းကျန့်မှာ ခင်တွယ်စရာဆိုလို့ မင်းနဲ့ငါပဲရှိတယ်ဆိုတာ မင်းသိတယ်မှတ်လား?

"ဘာလို့မင်းကပါရတာလဲ"

ရိ​ပေါ်က ​မ​ကျေမနပ်နဲ့ပြန်​ပြောသည်။ကျန်းချန်က ရိပေါ်ရဲ့စကားကို ဂရုမစိုက်ပဲ သူ့စကားကိုသူပြန်ဆက်သည်။

"မင်းတို့နှစ်​ယောက်ရဲ့ ကိုယ်​ရေးကိုယ်တာ​တွေကို ငါစိတ်မဝင်စားဘူးရိ​ပေါ်, ဒါ​ပေမယ့် ငါ​တောင်မြင်​နေရတဲ့ သူ့ရဲ့ ခံစားချက်​တွေကို မင်းလည်းမြင်မယ်ဆိုတာငါသိတယ်။ မင်းသူ့ရဲ့​မေတ္တာကို မတုန့်ပြန်နိုင်ဘူးဆိုရင် အချစ်လို့ထင်​ယောင်ထင်မှားဖြစ်​စေတဲ့အပြုအမူမျိုး​တွေမလုပ်ပါနဲ့၊ရှောင်းကျန့်မှာ မင်း​ကြောင့်မဟုတ်ရင်​တောင် စိတ်ညစ်စရာ​တွေ စိတ်ထိခိုက်စရာ​တွေအများကြီးရှိ​နေပြီးသား၊သူ​နောက်တစ်ခါ မင်း​ကြောင့် မျက်ရည်ကျရင် ငါ့သူငယ်ချင်းကို ငါ့ဆီမှာ​ခေါ်ထားရလိမ့်မယ်"

​ကောင်​လေး(Complete)Donde viven las historias. Descúbrelo ahora