Unicode
စော်အောလေးကို ရှောင်းကျန့်အရမ်းဆန္ဒရှိလို့မွေးစားဖြစ်သွားတယ်ဆိုပေမယ့် တကယ်ထိန်းရတော့ရိပေါ်သာဖြစ်သည်။ရှောင်းကျန့်က ဆေးရုံးနဲ့မအားလပ်တာမို့ ရိပေါ်ကသာ အလုပ်လည်းလုပ်ရင်းကလေးလည်းထိန်းရင်းပေါ့။ရိပေါ်ရဲ့ ဝပ်ရှော့က အလုပ်သမားလေးတွေလည်းရှိတာမို့ တယောက်တလှည့်ကြည့်ရင်းနဲ့ပဲ ထိန်းရသည်။စော်အောလေးက အသက်သုံးနှစ်နဲ့မလိုက်အောင်သိပ်လိမ္မာသည်။ဒါကြောင့်လည်း ကလေးထိန်းရတာ ပင်ပန်းလှတယ်တော့မရှိပေ။
"ဟိုရောက်တာနဲ့ ဖုန်းဆက်နော်"
တရက်လေးပဲသွားတယ်ဆိုပေမယ့် ရိပေါ်တကယ်ပဲစိတ်မချနိုင်ပါ။
"အင်းပါ"
"စော်အော ပါးပါးကိုဂရုစိုက်နော်"
"ဟုတ်ကဲ့"
ဒီနေ့ပါးပါးဆီသွားကြမှာမို့ ကောင်လေးကတော့အိမ်မှာကျန်နေရစ်မည်။တစ်ရက်လေးသွားမည့်အရေးကို မှာတမ်းခြွေလို့မပြီးပေ။
"ဒယ်ဒီ တာ့တာ"
စော်အောက ကားပေါ်ရောက်တဲ့အထိသူ့ဒယ်ဒီကိုနှုတ်ဆက်လို့မပြီး။"တာ့တာ "
*အခုကတည်းကကိုလွမ်းနေရပြီ*
တရွေ့ရွေ့ထွက်ခွာသွားတဲ့ကားလေးကိုကြည့်ရင်း တကိုယ်တည်းရေရွတ်နေမိသည်။
...................................."ဟော, သားကျန့်တို့ရောက်လာပြီဆရာရေ"
ရှောင်းကျန့်တို့စီးလာတဲ့ကားလေးခြံထဲရောက်တာနဲ့ အန်တီမေရဲ့အသံစာစာကထွက်လာသည်။စော်အောလေးကတော့ ကြီးမားလှတဲ့ အိမ်တော်ကြီးကို တမေ့တမော ငေးလို့။"ကျန့်ကျန့်တို့ရောက်လာကြပြီလား?"
"ဟုတ်ကဲ့, အန်တီလီလီ"
"စော်အောလေး ဖွားဆီလာ"
စော်အောက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ပြည့်စုံတယ်ထင်ပါရဲ့။ကျောက်လီလီတစ်ယောက် လက်ပေါ်ကနေမချနိုင်ဖြစ်နေသည်။"ပါး"
"သားကျန့်"
ဧည့်ခန်းကဆိုဖာပေါ်မှာ ထိုင်နေရင်း သားဖြစ်သူကိုအပြုံးတွေနဲ့ကြိုနေလေသည်။သိသိသာသာပိန်ကျသွားတဲ့ ခန္ဓာကိုယ်ကို မြင်လိုက်ရတော့ ရှောင်းကျန့်ရင်ထဲမကောင်းလှပေ။
VOUS LISEZ
ကောင်လေး(Complete)
Fiction généraleYizhanပါနော်။ စာရေးသူအသစ်မို့ လိုအပ်ချက်တွေအများကြီးရှိပါသေးသည်။